မနေ့ကတစ်နေကုန်အိပ်ထားတာကြောင့် ဒီမနက်တွင်တော့ လန်းလန်းဆန်းဆန်း၊ ဘယ်လောက်တောင်အိပ်ထားလဲဆိုရင် မျက်ခွံလေးတွေ ဖောင်းအစ်နေတဲ့ထိကို အိပ်ခဲ့တာ။အိပ်ရေးဝလို့လဲ အရာရာကို အကောင်းမြင်နိုင်တာဖြစ်၏။
စိတ်တွေကြည်နေတဲ့အခါ တွန့်ကျေနေတဲ့ Yoongi hyungရဲ့ ကုတ်အမဲရောင်လေးကအစ ကြည့်ကောင်းနေ၏။ဒီလူက CEOတဲ့လေ တွန့်ကျေနေတဲ့အဝတ်ကိုဝတ်၊ နက်ခ်တိုင်ဟာလဲ ပုံမကျ၊ Style pantကလဲ ကျေနေသေး၏ အနောက်ကနေမြင်နေရတာတောင် ဘယ်လိုမှCEOပုံမပေါက်ပါ။
'Jimin'
'ဗျာ! ဗျာ'
'hyung စီမံကိန်းဌာနကိုအရင်ဝင်လိုက်အုံးမယ် Jiminကဒီဖိုင်လေးကို Jungkookရုံးခန်းထဲထားပေးနော်'
'ဟုတ်ကဲ့hyung'
မှာစရာရှိတာမှာပြီး ဓာတ်လှေကားထဲမှထွက်သွားသောhyungကိုကြည့်ပြီး သက်ပြင်းချမိ၏။ကိုယ်ကစိတ်ထဲမှာ hyungအတင်းကိုပြောနေတာလေ hyungကရုတ်တရက်ကြီး နာမည်ခေါ်ချတော့ လိပ်ပြာမလွှင့်ရုံတမည် လန့်သွား၏။
ဒီနေ့ကုမ္ပဏီမှာ ပွဲတော်တွေဘာတွေများရှိနေတာလား၊ လူတိုင်းကအရင်ကထက်ပျာယာခတ်နေတာဆိုတော့ တစ်ခုတော့ တစ်ခုခုပဲ။
'Jimin hyung Good Morningပါဗျ'
'အော် အင်း Good Morning'
Jungkookရုံးခန်းဖြစ်တဲ့ 4ထပ်မြှောက်အရောက် အလုပ်သင်လေးက နှုတ်ဆက်လာ၏။သူကဘယ်လိုလုပ် ဒီအထပ်ကိုရောက်နေတာလဲ။
'Jimin ဒီနေ့စောတယ်နော်'
'အာ ဟုတ် လုပ်စရာလေးတွေများတာနဲ့ စောစောထွက်လာလိုက်တာ'
'ရုံးခန်းကိုသွားမလို့လား'
'ဟုတ်တယ်ဗျ Yoongi hyungပေးတဲ့ဖိုင်လေးသွားထားမလို့'
'ကောင်းပါပြီ ဒါဆိုခွင့်ပြုပါအုံး'
'ဟုတ်ကဲ့ဗျ'
Jungkookရဲ့အတွင်းရေးမှူးကလဲ ဘာလို့ဒီရောက်နေတာလဲ၊ ခဏလောက်စကားရပ်ပြောပြီး ထွက်ခွါသွားသော အတွင်ရေးမှူးကျောပြင်ကိုကြည့်ကာ Jiminတစ်ယောက် မေးခွန်းတွေထုတ်နေလေ၏။
မဟုတ်မှလွဲရော ဒီနေ့အစည်းဝေးရှိတာများလား၊ အစည်းဝေးဆိုလဲ Jungkookမှမရှိတာ ဘယ်လိုလုပ် အစည်းဝေးလုပ်လို့ရမှာလဲ၊ ဒါဆိုဘာများပါလိမ့်။

YOU ARE READING
Hyung is Mine (Completed)
Romanceဒီကောင်က တစ်ကယ့်ငတုံးပဲ Park Jimin ငယ်လေး Jeon Jungkook #Jikook