Jungkookနဲ့အဆင်ပြေသွားသည့်နောက်ပိုင်း Jiminလဲအဆောင်သို့ပြောင်းနေခဲ့လိုက်၏။
အရင်ကလို တပူးပူးတတွဲတွဲပြန်ဖြစ်သွားခဲ့ပြီး Jungkookသည်အရင်ကထက် လက်ရဲဆက်ရဲနိုင်ပါ၏။ကျောင်းသွားချိန်တွင်လဲ Jiminမေဂျာဘက်ကို အရင်လိုက်ပို့ပြီးမှ သူ့မေဂျာဆီသို့သွား၏။ထိုသို့လုပ်ပေးရန်မလိုကြောင်းပြောသောအခါ စိတ်မချလို့ဆိုပြီးပြော၏။
အဆောင်သို့လဲတူတူပြန်ဖြစ်ကြပြီး တစ်ခါတစ်လေ အဖြောင့်ကောင်ကြီး၏ အတင်းချုပ်နမ်းခြင်းကိုခံရ၏။အကြောင်းပြချက်မျိုးစုံဖြင့် တစ်နေ့တစ်မျိုးမရိုးရအောင် လူကိုအတင်းနမ်း၏။နမ်းပြီးတိုင်း ထုခံရတာလဲ သူအမှတ်မရှိပါ။
စာကျက်နေရင်လဲ ထော်ထော်ထွက်နေတဲ့ နှုတ်ခမ်းလေးကို အူယားလို့ဟုဆိုကာ ရန်ရှာတတ်သေး၏။စာရေးနေရင်လဲ လက်ဖောင်းဖောင်းလေးတွေကို အူးယားလို့ဟုဆိုကာ ကိုက်ပြန်၏။တစ်နေ့တစ်နေ့ ဒီအဖြောင့်ကောင်ကြီး လက်ထဲမှာပဲ လူကဖွတ်ဖွတ်ညက်ညက်ကြေကုန်ပြီထင်ပါရဲ့။
မနက်အတန်းချိန်တွေဆိုရင် ကျောင်းကိုဘယ်လိုသွားရမလဲဆိုပြီး တွေးပူရပြန်ပါသည်။ဘာကြောင့်ဆို အမြဲတမ်းအူးယားတတ်သော ကိုယ်တော်ချောလက်ချက်ကြောင့် နှုတ်ခမ်းကဖူးရောင်ယုံသာမရ ပေါက်ပါပေါက်နေသေး၏။အတန်းထဲကကောင်တွေကလဲ လျှာတအားရှည်၏ အမေးမြန်းကလဲထူသေး အဲ့ထဲ Kim Taehyungအဆိုးဆုံး။
အဖြောင့်ကောင်ကြီးသည် နှုတ်ခမ်းကိုရန်ရှာယုံနှင့် အားမရလျှင် ဂုတ်သွေးဆုပ်ကာ အမြတ်ထုတ်တတ်သေး၏။ဒင်းကြောင့်လဲ ပူလောင်တဲ့ရာသီမှာ မာဖလာကြီးတကားကားဖြင့်။
ညနေကျောင်းကပြန်ရင် လူကအကောင်း မနက်ကျောင်းကိုလာရင် နှုတ်ခမ်းကပေါက်၊ လည်ပင်းမှာလဲမာဖလာနဲ့ ဆိုတော့ တော်ရုံလူတွေပါမက ဆရာတွေ ဆရာမတွေကပါ မေးတဲ့အဆင့်ထိရောက်ကုန်၏။ဒီနေ့တော့ အဖြောင့်ကောင်ကြီးနဲ့ ဒဲ့ရှင်းမှဖြစ်တော့မည်။
'Minnyလေး ဘာဖြစ်နေတာလဲ ပုတ်သိုးနေတာပဲ'
'ဘာဖြစ်ရမှာလဲ မင်းကြောင့်လေ'
'ဟင်! ကိုယ့်ကြောင့်… ကိုကဘာလုပ်လို့လဲ?'
'Jeon Jungkook!! မင်းအခုမှ ရူးချင်ယောင်ဆောင်မနေနဲ့'

YOU ARE READING
Hyung is Mine (Completed)
Romanceဒီကောင်က တစ်ကယ့်ငတုံးပဲ Park Jimin ငယ်လေး Jeon Jungkook #Jikook