Part 2

7.9K 562 19
                                        

တီးတောင် တီးတောင်

'သားတို့လာကြပြီထင်တယ်'

ကျွီ~

'သား Jiminလေး'

'အမေနေကောင်းတယ်မလား'

'သားကိုလွမ်းနေတာကလွဲရင် ကောင်းပါတယ်ကွယ်'

မျက်ရည်ကြည်လေးတွေရစ်ဝဲနေတဲ့ မျက်ဝန်းတစ်စုံဖြင့် တံခါးလာဖွင့်သော သူမကို ဘယ်လိုနှစ်သိမ့်ရမလဲမသိ။

'သားတောင်းပန်ပါတယ်'

'သားတို့ဆိုလဲ အိမ်ထဲဝင်ဖို့ခေါ်လေ မေကြီးရ အဲအပေါက်ဝမှာပဲ ရပ်နေကြတော့မှာလား'

ဧည့်ခန်းမှာ သတင်းစာဖတ်နေတဲ့ ဖေကြီးအော်သံကြားမှ မျက်ဝန်းဖြင့်အလွမ်းသယ်နေတာကို ရပ်လိုက်ပြီး…

'ဟုတ်… ဟုတ်သားပဲ ဝင်ခဲ့လေသားတို့'

ဒီအိမ်လေးကိုပြန်မရောက်ဖြစ်တာ နှစ်လကျော်ခဲ့ပြီ။ အကြောင်းအမျိုးမျိုးပြပြီး အိမ်ပြန်လာဖို့ကိုငြင်းဆန်ကာ ဟို Straightကောင်ကြီးနားမှာပဲ ဘာတွေလုပ်နေခဲ့မှန်းလဲ မသိတော့ပါ။ခုလိုအဖေနဲ့အမေကိုမြင်ရတော့ အားနာစိတ်ကဖြစ်လာရပြီ။

အိမ်လေးကအရင်ကလို နွေးထွေးဆဲ။အဖေနဲ့အ‌မေ
ကလဲ ပြန်မလာခြင်းအပေါ် အပစ်မမြင်ခဲ့သလို အပစ်လဲမပြောခဲ့။

'Taeလေးကပြောလို့ အမေသားအကြိုက်ဆုံးဟင်တွေချက်ထားတယ်'

ခုလိုအကြိုက်ဆုံးဟင်းတွေထိတောင် မှတ်ထားပြီး ချက်ပေးထားတော့ ထပ်ပြီးအားနာရပြန်ပြီ။အားနာစိတ်ကြောင့်လား စိတ်မကောင်းလို့လားတော့မသိ စားပွဲကိုပဲ ငူငူကြီးကြည့်နေမိတော့သည်။သေချာတာကတော့ ကျွန်တော်မျက်ရည်တွေဝဲနေခဲ့တာပါ။ဝမ်းနည်းလို့လား ပျော်လို့လားတော့မပြောတတ်။

'သား ဘာဖြစ်လို့လဲ ဒီဟင်းတွေမကြိုက်တော့လို့လား အမေနောက်ထပ် ထက်ချက်ပေးမယ်လေ သားလေးဘာစားချင်လဲ'

'ကျွန်တော်…ကျွန်တော် တောင်းပန်ပါတယ်'

အသံတုန်တုန်ရီရီနဲ့ ဆိုလာတဲ့Jiminလေး။

'Jimin ahဘာဖြစ်လို့ ငိုနေတာလဲ'

'သား ဘာဖြစ်လို့လဲ တစ်ခုခုအဆင်မပြေလို့လား'

Hyung is Mine (Completed)Where stories live. Discover now