Ep - 1

17.4K 569 41
                                    

(Unicode)

တစ်ခုသော နွေရာသီညနေခင်း။

လေရူးနဲ့အတူ ဆဲဆိုဆူညံသံပေါက်ကွဲသံတွေက အိမ်ထဲတွင် ပဲ့တင်ထပ်နေသည်။

အိမ်တွင်းရှိ ပရိဘောဂတွေအကုန်လုံးနီးပါး ဖျက်ဆီးခံထားရသလို အပျက်အစီးအစအနတွေဆိုလည်း ဟိုတစ်စဒီတစ်စ။

" ခွမ်း ခလွမ်း "

" သား ရိပေါ် စိတ်လျှော့စမ်း "

" မလျှော့နိုင်ဘူး။ မာမား အဲ့ဒီကောင်နဲ့ မယူရဘူးနော် "

" သားရယ် "

" ကြာကူလီကောင် ပိုင်းလုံးကောင် မင်း ငါ့အမေကိုယူပြီး ချူစားမလို့မို့လား ဟမ်။ မအေလိုး ခွေးကောင် "

လက်ညှိုးငေါက်ငေါက်ထိုးလ်ို့ အောက်လုံးစကားတွေနဲ့ ဆဲခံနေရသည်မှာ အမေ့ရဲ့ နောက်ယောက်ျားလောင်း။

မကြားဝံ့မနာသာဆဲရေးထိုင်းထွားနေသည့် ကလေးက အသက် ဆယ့်သုံးနှစ်အရွယ် ဝမ်ရိပေါ်။

" ဟေ့ကောင် မင်းရော ပါးစပ်မပါဘူးလား ဆဲလေ ။ ဝမ်ကျယ် "

အသက်ငါးနှစ်အရွယ် မျက်လုံး ကလယ်ကလယ်ဖြင့် ညီငယ်အား တပ်ကူခေါ်လို့ ဆဲခိုင်းနေသည်မှာ တကယ်တမ်း ဝမ်ရိပေါ်က ကလေးဆိုးလေးတော့မဟုတ်။

မာမားထက် အသက်ဆယ်နှစ်လောက်တောင် ငယ်ပြီး မိမိထက် အသက် ဆယ့်ငါးနှစ်လောက်ပဲကြီးသည့် ယောကျာ်းပျိုအား အဖေမတော်ချင်၍ ဆန္နပြလို့ သောင်းကျန်းနေခြင်းသာဖြစ်သည်။

ဆဲရေးတိုင်းထွာခံနေရသည့် ထိုလူ့မှာ ခပ်ဆိတ်ဆိတ်နေနိုင်လွန်းသည်။ ကြားထဲက ပြာယာခတ်နေရသည်က ရိပေါ်ရဲ့ မာမားပင်ဖြစ်သည်။

" မအေလိုးလီးပဲ။ ဒီလိုအချိန်ကျ စောက်ပါးစပ်က အ, နေတယ်။ ငါ့အမေကို မြှူဆွယ်တုန်းက ဒီလိုစောက်ချိုးမဟုတ်ဘူး "

တီဗွီ မီးအိမ် ပန်းအိုး စားပွဲခုံ စသည့် ဧည့်ခန်းထဲရှိ ပစ္စည်းများအားပေါက်ကွဲ၍ ဖျက်ဆီးထားသည့်တိုင် မာမားသည် ထိုလူရှေ့မှာပဲ မားမားမတ်မတ်ရှိနေခဲ့သည်။

ပါပါးဆုံးတာ တစ်နှစ်တောင်မရှိသေးသည့် အချိန်ကာလအတွင်းမှာ ထိုလူက မာမားအား ဘယ်လိုတွေ ဖြားယောင်းလိုက်သလဲတော့မသိပါ။ထိုလူမှထိုလူ တမ်းတမ်းစွဲဖြစ်နေတဲ့ မာမားက သားနှစ်ယောက်မျက်နှာကို မထောက်လို့ ထိုလူနဲ့ မကြာခင် လက်ထပ်ပါတော့မည်တဲ့။

TOUCH (Zhanyi)Where stories live. Discover now