Ep - 9

4.7K 462 41
                                    

(Unicode)

နေ့လည်စာစားချိန်ဖြစ်တာမို့ကျောင်းကန်တင်းမှာ အသံဗလံတွေဆူညံနေ၏။

ထိုအထဲမှာ ရိပေါ်တို့အုပ်စုက တစ်ဝိုင်း။

" ဟေ့ကောင်တွေပြောစရာရှိတယ် .. ငါက လူပျိုစစ်စစ်မဟုတ်တော့ဘူးသိလား "

" ဟေ "

ခယ်ယွီက သူများကြားမှာစ်ိုးလို့တိုးတိုးပြောခါမှ ရိပေါ်တို့က တစ်ကျောင်းလုံးကြားအောင် အာမေဍိတ်ပြုမိလေသည်။  ကန်တင်းက ကျောင်းသားတွေအကုန်ဝိုင်းကြည့်လာတော့မှ အောင့်သက်သက်လေးတွေပြုံးပြလိုက်ရ၏။

ဒီကောင်ထန်မှန်းသိပေမယ့် ဒီအသက်အရွယ်နဲ့ အဆင့်တွေကျော်မယ်ဆိုတာ ဘယ်သူမှ မထင်ခဲ့ကြတာမို့ အရမ်းအံ့သြသွားရတာဖြစ်သည်။

မိန်းကလေးတန်မဲ့ ယောကျာ်းလေးအဖွဲ့ထဲပါတဲ့ ဖန်းလျဲ့ဆို အဟွတ်အဟွတ်နဲ့ ချောင်းတွေပါဆိုးလို့။

" အတွေ့အကြုံလေးတွေဝေမျှပါဦး .. ဘယ်သူနဲ့လဲ ဘယ်နေရာမှာလဲ "

ထမင်းတောင်မစားနိုင်ပဲ အသေးစိတ်စပ်စုနေသည်မှာ ဟောက်ရွှမ်းပင်ဖြစ်သည်။

တကယ်တမ်းထိုမေးခွန်းက ရိပေါ်မေးမလို့ပေမယ့် ဟောက်ရွှမ်းက ဖြတ်မေးသွားတော့ ရိပေါ်လည်း မေးစရာမလိုတော့။

ခယ်ယွီက ရိပေါ်တို့ထက် အသက်တစ်နှစ်ပိုကြီးပြီး ဆယ့်ရှစ်နှစ်ပြည့်ပြီးသွားပြီဆိုတော့ လက်တည့်စမ်းကြည့်တာလည်းပါလိမ့်မည်။

" အဟမ်း ချုံချင်းတက္ကသိုလ် အနုပညာမေဂျာက ဒုတိယနှစ်အစ်မကြီးနဲ့ .... ဘားမှာတွေ့တာကွာ .. မနေ့ညက ဟိုတယ်မှာသွားအိပ်လိုက်ကြတာ ... "

"ဟ ! လက်သွက်လှချည်လား .. လဒကောင် ငါတို့ကို အသိတောင်မပေးဘူး "

ဟယ်ယိက ခယ်ယွီရဲ့လက်မောင်းကို ခပ်ဖွဖွထိုးလိုက်သည်။ ရိပေါ်တ်ို့ အဖွဲ့ထဲမှာဆို ခယ်ယွီကလွဲလို့ ကျန်တာက အက်ဖ်အေတွေချည်း။

" တွေ့တွေ့ချင်း ဂျိန်းလေ .... အဲ့တော့ မင်းတို့ကို အသိပေးလို့မရတော့တာပေါ့ သားကြီးရ ဟဲဟဲ "

" ပြောစမ်းပါဦးအရသာလေး ..... ဘယ်လိုနေလဲ "

" မိုက်တော့မိုက်တယ်.. ...ငါလည်း ပထမဆုံးမို့လားမသိ အသေကျွေးခဲ့တာ "

TOUCH (Zhanyi)Hikayelerin yaşadığı yer. Şimdi keşfedin