Ep - 15

4.6K 420 69
                                    

(Unicode)

တစ်ခါမှ မြေအောက်ရထားမစီးဖူးတဲ့ မြေမနင်းသူဌေးသားရှောင်းကျန့်က ဘူတာရုံရောက်တော့ စင်္ကြန်အမှတ်ကို မရှာတတ်ပဲဖြစ်နေလေသည်။

လမ်းကြောင်းတွေက ရှုတ်ယှက်ခတ်ပြီး မြေပုံကိုကြည့်တာနဲ့တင်မူးလာသယောင်။

ဘူတာထဲမှာတင် မျက်စိလည်နေတာကြောင့် လာခေါ်ဖို့ ရိပေါ်ကိုသာဖုန်းဆက်ရ၏။

ဒီကောင်လေးကတော်တော် အဆန်းတွေထွင်တယ် ။ဘယ်နေရာသွားမယ်မှန်းတော့မသိပေမယ့် ဘယ်နေနေ ကားနဲ့သွားလို့ရနေတာကို ရထားစီးမယ်လုပ်ရတယ်လို့ !

Suit အပြည့်ဝတ်ထားပြီး မျက်မှန်ကလည်းတပ်ထားသေးသည့် ခန့်ခန့်ညားညားရှောင်းကျန့်ကို ဘေးနားဖြတ်သွားသည့်ကောင်မလေးတိုင်းက သမင်လည်ပြန်ကြည့်ကြည့်သွားကြသည်။

ရှောင်းကျန့်မှာတော့ ဘယ်သူ့မှအာရုံမလာပါ။စိတ်အိုက်လာ၍ ဘယ်ဘက်လက်နဲ့ခါးထောက်လို့ ညာဘက်လက်က မြေပုံစာရွက်နဲ့ ယပ်ခပ်နေရသည့်အဖြစ်။

" ဘူတာရုံထဲရောက်နေပြီ မျက်စိလည်နေလို့ လာခေါ်ပေးဦး .... ဘယ်စင်္ကြန်လည်း ကိုယ်မကြည့်တတ်လို့ ။  location ရှယ်ပေးလိုက်မယ် "

ဆ်ိုပြီး ဖုန်းဆက်လာခဲ့တာကြောင့် ရိပေါ်လည်း ချိန်းထားတဲ့နေရာကနေ ရှောင်းကျန့်ကိုလာကြိုရတာဖြစ်သည်။ရိပေါ်က သူတစ်ယောက်တည်းဆိုရင် ဘဲကြီးဆိုတဲ့ နာမ်စားကိုသုံးသည်။

ခုတော့ဖြင့် ရိပေါ်မှာ ဘူတာရုံထဲပြေးလွှားနေရသည်။  ချိန်းထားတဲ့နေရာက ဘူတာရဲ့ အရှေ့ထိပ် ဘဲကြီးရောက်နေတာက အနောက်ထိပ်။  ကောင်းပါလေရော။

ဒါပေမဲ့ စကိတ်ဘုတ်လေးယူသွားမိတာ ကံကောင်းသွားသည်။ လူရှင်းရင် စကိတ်ဘုတ်လေးချစီးလိုက် ပြန်ကောက်လိုက်နဲ့ ပြေးလာရတာထက်တော့ သက်သာသွား၏။

ဘဲကြီးက တကယ်ရယ်ရသည်။
ရထားမစီးဖူးမှန်း တကယ်မသိလို့ ချိန်းမိတာပါ..... ဘုရားစူး ! မဟုတ်ရင် အလုပ်ရှုပ်ခံပြီး ဘူတာရုံကိုလာခဲ့လို့မပြောပါဘူး။

နောက်ဆုံးတော့ လူကြားထဲမှာထင်းထွက်နေသည့်ရှောင်းကျန့်ကို ရိပေါ်က တန်းမြင်လိုက်သည်။

TOUCH (Zhanyi)Nơi câu chuyện tồn tại. Hãy khám phá bây giờ