Ep - 24

4.8K 392 111
                                    

(Unicode)

အထက်တန်းပြီးသွားပေမယ့် ကျောင်းက သူငယ်ချင်းတွေနဲ့ ရိပေါ်က အဆက်အသွယ်လုပ်မြဲလုပ်ဆဲပင်။ ရိပေါ်ရဲ့ လက်ထပ်ပွဲကိုတက်ကြပြီးတော့ စနောက်နေကြ၏။

လာကြိုက်တဲ့ ကောင်မလေးမှန်သမျှငြင်းခဲ့တဲ့ကောင်က ရမယ့်အရတော့ ယောကျာ်းရသွားတာဆိုပြီး ပြောလို့ရယ်ကြသည်။ ညားတာကလည်း တခြားသူမဟုတ် ပန်းချီဆရာဟောင်းနဲ့ဆိုတော့ ဒီကောင်တွေပြောကွက်ဖြစ်နေ၏။

ကိုယ်ဝန်နဲ့ဆိုတော့ အရင်ကလို ကမြင်းကြောထလို့လည်းမရတော့။ ကျောင်းပိတ်ရင် ကဲမယ်ဆိုတဲ့ အတွေးတွေလည်း ဘယ်လိုလွင့်သွားပြီလဲမသိ။ ဟိုကောင်တွေကလည်း အားတ်ိုင်းယားတိုင်းသဝေမထိုးတော့ပဲ ရိပေါ်ဆီကို လာလာ လည်ကြသည်။

ရှောင်းပါပါးရော မာမားရောပါ သဘောတကျဖြစ်နေကြ၏။ ရှောင်းအိမ်မှာလည်း ရိပေါ်တို့ သူငယ်ချင်းတစ်သိုက်နဲ့ လူတွေကိုစည်လို့ ။

တစ်နေ့တစ်နေ့ ဖောင်းလာတဲ့ ဗိုက်လေးကို ထိလို့ လူကိုပဲလာလာစနေကြသည်။ မျက်စောင်းတွေ ပိတ်ပိတ်ထိုးရတာအမော။

ဆရာဆိုတဲ့ အရှိန်နဲ့ ရှောင်းကျန့်ကိုတော့ မလေးမစားမလုပ်ကြရဲပေ။ ရိပေါ်နဲ့ ဟီးဟီး ဟားဟားလုပ်နေတုန်းမှာ ရှောင်းကျန့်ရောက်လာတဲ့အခါ မျက်နှာတွေပြန်တည်သွားတတ်တဲ့ကောင်တွေကြောင့် ရိပေါ်မှာ တဟားဟားနဲ့ ရယ်ရသေးသည်။

ခယ်ယွီနဲ့ ဟယ်ယိကလည်း ရိပေါ်ကိုကြည့်ပြီး ပွေလာသမျှ ရည်းစားတွေကိုတောင်ဖြတ်လိုက်ပြီဆိုပဲ။ ဘာမှလည်းမဆိုင်ဘူးဆိုပေမယ့် သူတ်ို့နဲ့ ဖြစ်တဲ့ကောင်မလေးတွေနဲ့ မတော်တဆ မှားသွားမိသည်ရှိသော် တာဝန်မယူနိုင်လို့ပါတဲ့။ ရိပေါ်ကိုကြည့်ပြီး အိမ်ထောင်တစ်ခုထူထောင်ရတာ တကယ်မလွယ်မှန်း သဘောပေါက်လာသည်တဲ့။

ဒါကြောင့် ရိပေါ်လည်း ရှောင်းကျန့်နဲ့ ညားတာဆိုးတော့ မဆိုးဘူးပဲဟုတွေးလိုက်မိ၏။ အနည်းဆုံးတော့ ဒီကောင်တွေ ခြေငြိမ်သွားသည်ပင်။

ဖန်းလျဲ့ကလည်း အိမ်ကိုလာလည်တိုင်း စကိတ်ဘုတ်ယူလာတတ်သည့်အတွက် စကိတ်စီးချင်စိတ်တွေကိုမနည်းချိုးနှိမ်နေရသည်။

TOUCH (Zhanyi)Where stories live. Discover now