Extra - 1

4.9K 321 80
                                    

(Unicode)

ရှောင်းကျန့်မှာ ရိပေါ်တို့သားအဖတစ်တွေ အကရူး ရူးနေတာနဲ့ စိတ်ညစ်နေရသည်။

ရိပေါ်အသက် ၂၅ နှစ်မှာ ရှောင်းကျန့် အသက်က ၄၀ ဖြစ်နေပြီ။ သားသားမီးမီးတ်ို့ကတော့ ‌၆ နှစ်ထဲမှာ။

တက္ကသိုလ်တက်တော့ အကပိုးဝင်လာတဲ့ ရိပေါ်က dancer လုပ်မှာဆိုလို့ မနည်းတားထားရသည့်အဖြစ်။ အဖေရူးတော့ ကလေးနှစ်ယောက်ပါ လိုက်ရူးကြသည်လေ။

ရှောင်းကျန့်မှာ သူတ်ို့ ဒွန့်ပြသမျှ ကြည့်နေရတဲ့ အမာခံပရိတ်သတ်ကြီး။

သားအဖသုံးယောက်ပေါင်းပြီး ရှောင်းကျန့်ကို တစ်နေ့တစ်မျိုး ဖျော်ဖြေနေသည်မှာမရိုးရ။ ဒါတောင် အသံနဲ့ နှိပ်စက်တာက တစ်မျိုးရှိသေးသည်။

ခုလည်း ရိပေါ်အရမ်းကြိုက်တဲ့ idol တစ်ယောက်ကို သမီးက သူ့ဒယ်ဒီပါတဲ့လေ။ ရှောင်းကျန့်မှာ ဘယ်လောက်ထိ စိတ်ညစ်သွားရတဲ့မှတ်သတုန်း။

အဲတာ ဝမ်ရိပေါ်ရဲ့ အကျင့်တွေပေါ့။

ရ ထားတဲ့ဘွဲ့နဲ့မှ မဆိုင် ဝမ်ရိပေါ်ဆ်ိုတဲ့ အမျိုးသားကောင်းလေးက ဆိုရင်ဖြင့် dancer လိုလို မော်ဒယ်လိုလို မင်းသားပဲလုပ်တော့မှာလိုလိုနဲ့ အနုပညာလောကထဲ ခြေတစ်ဖက်တောင်ချနေပြီ။ ဒီတော့ ရှောင်းကျန့်ပဲ စိတ်ချမရဖြစ်နေသည်ပေါ့။

ကိုယ်က အသက်ကြီးလို့ ဟိုင်းလာပြီ။ ဝမ်ရိပေါ်တို့က ဖလန်းဖလန်းထလို့အကောင်းဆုံး အရွယ်လေ။

ခုထိလည်း ဆံပင်ကိုရောင်စုံ ပြောင်းကောင်းတုန်း။ ဝတ်ပုံစားပုံကလည်း ခေတ်ရှေ့ပြေး။

အရင်က နားကပ်တွေ နားဆွဲတွေ တစ်ခုပြီး တစ်ခုပြောင်းပန်နေကြ။ ခုဆ်ို nose ring ပါ တပ်လာပြီ။ ရှောင်းကျန့်မှာ ပြောမနိုင်လို့သာလွှတ်ထားရသည်။ ရိပေါ်ကို တကယ်စ်ိတ်မချပါ။

ပြီးတော့ ရိပေါ်က လောလောဆယ် လိုင်းပေါ်မှာ နာမည်ကြီးနေတဲ့ dancer ပေါက်စလေး။

ဘယ်သူက ကလေးအဖေလို့ထင်မှာတုန်း။

ကိုယ်တိုင်ပြောမှသာ ကလေးအဖေလို့ယုံလိမ့်မယ်။ သူတစ်ယောက်တည်းဆိုရင်တော့ လုံးဝ ဆင်ဂယ်(single) လေးလိုပဲ။ စော်ကြည်ချက်ကလည်းပြောမနေပါနဲ့။

TOUCH (Zhanyi)Where stories live. Discover now