Ep - 13

4.6K 455 95
                                    

(Unicode)

ယနေ့ကျောင်းဖွင့်၏။ ဟောက်ရွှမ်းတို့ကလည်း ရိပေါ်ကျောင်းမလာတော့ဖုန်းဆက်မေးကြသည်။ ဆေးရုံတက်နေသည်ပဲပြောလိုက်၏။ ဆေးရုံကိုလာမယ်ဆိုပြီး ဘယ်ဆေးရုံလဲဟု အတင်းမေးနေသဖြင့် လာစရာမလိုဘူး ဒီနေ့ ဆင်းမှာဟုသာဖြေလိုက်သည်။ တကယ်လို့ဟိုကောင်တွေလာရင် ရှောင်းကျန့်နဲ့ တည့်တည့်တိုးမှာစ်ိုး၍ဖြစ်သည်။

တကယ်လည်းဆေးရုံက ဆင်းချင်နေပါပြီ။ ဟိုကောင်တွေက မနက်ဖြန် မြင်းပွဲသွားလောင်းမည်ဟုပြောတာကြောင့် ရိပေါ်မှာ ဖင်တကြွကြွနှင့်။

ဘောလုံးပွဲဆိုရင်တောင်ပျင်းစရာကောင်းဦးမည်။ မြင်းပြိုင်ပွဲတော့ ရိပေါ်လည်း စိတ်ဝင်စားသည်။ ယခုမြင်းပြိုင်ပွဲက မှောင်ခိုပြိုင်ပွဲဖြစ်ပြီး ဟိုကောင်တွေ ဘယ်ကလက်မှတ်ရခဲ့လည်းမသိ။

ရိပေါ်မှာ ရှောင်းကျန့်ကို တကြည့်ကြည့်နှင့်။ ဆေးရုံဆင်းချင်ကြောင်းပြောဖို့ရာကို မဝံ့မရဲဖြစ်နေ၏။

မနက်စာလည်းစားပြီးပြီ ဆရာဝန်က round လည်းလာလှည့်သွားပြီဆိုတော့ ရိပေါ်တာဝန်က ကုတင်ပေါ်မှာနေရုံပဲဖြစ်သည်။ ဒါကိုပဲ ရိပေါ်က ပျင်းသည်။ အမြဲတမ်း ဆလိုင်းချိတ်ထားရပြီး တစ်နေကုန် ကုတင်ပေါ်မှာပဲ စားလိုက်သောက်လိုက် ဇာတ်ကားကြည့်လိုက်နဲ့။

ဂိမ်းလည်း မဆော့ရ။ ရှောင်းကျန့်က ဂိမ်းဆော့ရင် တစ်ဗျစ်တောက်တောက်နှင့် ရိပေါ်ကို ဆူသည်။  စားလိုက်သောက်လိုက်သာပြောရတာ စားရတာက ဆန်ပြုတ် သောက်ရတာကဆေး ပဲဖြစ်သည်။

ပျင်းပျင်းနှင့် စပိုက်ဒါမန်း(ပင့်ကူလူသား )ကားပဲ ထိုင်ကြည့်နေလိုက်သည်။ ရိပေါ်က စပိုက်ဒါမန်းကားဆို ဘာနေနေအကုန်ကြိုက်သည်။

ရိပေါ်ရည်မှန်းချက်ကိုပြောပါဆိုရင် စပိုက်ဒါမန်းဖြစ်ဖို့ပင်။ ငယ်ငယ်က ကျောင်းပွဲတွေတို့ ဟောလိုးဝင်းပါတီတို့လုပ်ရင် ရိပေါ်က စပိုက်ဒါမန်းပဲလုပ်သည်။

ဇာတ်ကားကြည့်ရင်းနဲ့ပင် ရိပေါ်လည်း ပျင်းလာသည်။ဘဝမှာ ဆေးရုံတက်ရတာ အဲ့လောက်ပျင်းစရာကောင်းမှန်းရိပေါ်လည်းမသိခဲ့ပါ။

TOUCH (Zhanyi)Where stories live. Discover now