Ep - 22

5.4K 462 121
                                    

(Unicode)

ရှောင်းကျန့်က သူ့မိဘတွေနဲ့ အတိုက်အခံလုပ်ပြီး ကောင်လေးတစ်ယောက်နဲ့ ချစ်သူတွေဖြစ်နေကြောင်းကို ဖွင့်ပြောလိုက်၏။

သုံးပတ်လောက်အကြာ အခြေအတင်စကားများပြီးတဲ့နောက်မှာ ရိပေါ်ကို အိမ်ကိုခေါ်လာပြီး မိဘတွေနဲ့ မိတ်ဆက်ပေးဖို့ ခွင့်ပြုချက်ရလာခဲ့သည်။

တက္ကသိုလ်ကျောင်းသားဖြစ်တော့မှာဆိုပြီး ရိပေါ်ကတော့ ဆံပင်အရောင်တွေတောင်ပြန်ပြောင်းလို့ ဖလန်းဖလန်းဖြစ်နေချေပြီ။ နားတစ်ဖက်စီမှာလည်း နားကပ်တွေပြန်ပန်ထား၏။

" ဒီနေ့ ကိုကို့မိဘတွေနဲ့လ်ိုက်တွေ့ရမယ် "

" ဗျာ "

ရိပေါ်က အနည်းငယ်စိုးရိမ်မိသွားသည်။ ဟိုနေ့ကမှာ ဆံပင်ကို အဝါရောင်ဆိုးလို့ အစိမ်းရောင်တွေလိုင်းဖောက်ခဲ့တာလေ ။ ခုလို ဂျလေဘီပုံစံနဲ့ လူကြီးတွေကိုတွေ့ဖို့ရာကျ နည်းနည်းအဆင်မပြေပါ။

" အများကြီးလန့်သွားလား။ ကိုယ်ကမင်းကို အံ့သြစေချင်လို့ "

" လန့်တာပေါ့။ ကျွန်တော်ကဖြင့် ဆံပင်ဆေးဆိုးထားတာမကြာသေးဘူး ။ ဒီလိုပုံစံနဲ့ ကျွန်တော့်ကိုမြင်ရင် အထင်သေးခံရတော့မှာပဲ ဆံပင်တွေအမည်းပြန်ဆိုးလိုက်ရမလား "

မှန်ရှေ့ကိုသွားလို့ သူ့ဆံပင်လေးတွေသူလက်လေးနဲ့ဖွလို့ ပြန်ကြည့်နေတဲ့ ရိပေါ်က အတော်လေးချစ်ဖို့ကောင်း၏။  ရှောင်းကျန့် အသည်းယားရတဲ့အချက်တွေထဲမှာ ဒါမျိုး အပြုအမူသေးသေးလေးတွေလည်းပါသည်။

ရိပေါ်က  လုပ်ချင်ရာလုပ်တဲ့ကလေးဆိုပေမယ့် သူ့နေရာနဲ့သူတော့ အရမ်းသိတတ်တဲ့ကလေးဖြစ်၏။

" အမည်းမဆ်ိုးပါနဲ့။ ဆံပင်တွေပျက်စီးကုန်လိမ့်မယ်။ ဒီအတိုင်းလေးလည်း ရိပေါ်က ချောပြီးသားပဲဟာ "

" အခုဟာက ကျွန်တော်ချောမချောပြောနေတာမဟုတ်ဘူးလေ။ ကိုကို့မိဘတွေနဲ့တွေ့ရင် သင့်တော် မသင့်တော် ။ နားကပ်က ဖြုတ်ထားလို့ရတယ်။ ဆံပင်တွေက ခဏခဏအရောင်ပြောင်းဖို့ရာကျ အဆင်မပြေဘူးဆိုတော့.. .... ဟင်း!  "

TOUCH (Zhanyi)Where stories live. Discover now