Ep - 11

4.4K 478 57
                                    

(Unicode)

ရှောင်းကျန့်က ကုမ္ပဏီက အလုပ်တွေကိုယူပြီး ဆေးရုံမှာပဲလုပ်နေလိုက်သည်။

ညနေစောင်းရောက်တော့ ဆရာဝန်က ဆေးထိုးပေးပြီး ရိပေါ်လည်း အိပ်ပျော်သွား၏။

" ဒေါက် ဒေါက် ဒေါက် "

တံခါးသုံးချက် ခေါက်သံထွက်လာပြီး မည်သူမှတော့ ဝင်မလာ။ဒီအချိန်ကြီး ရိပေါ်ကိုလာကြည့်မယ့် ဧည့်သည်လည်းမရှိနိုင်ပါ။ကျောင်းပိတ်ရက်ဆိုတော့ သူငယ်ချင်းတွေလည်းမဟုတ်နိုင်။ ရိပေါ်က သူ့သူငယ်ချင်းတွေဆီကိုဖုန်းဆက်သံမှမကြားပဲ။ရိပေါ်ရဲ့ ဖုန်းတောင်ခုနကမှ ယွီပင်းကိုသွားယူခိုင်းလိုက်တာဖြစ်သည်။

ယွီပင်းဆိုရင်လည်း တံခါးတစ်ချက်ပဲ ခေါက်ပြီးသူ့ဘာသူဝင်လာမှာဖြစ်ပေမယ့် အခုက ဘယ်သူလဲဟု စဥ်းစားနေရင်းမှ တံခါးခေါက်သံထပ်ကြားရတော့ ရှောင်းကျန့်လည်း ထိုင်ရာမှထပြီး သွားဖွင့်ပေးမိ၏။

" ဆူယောင်း "

တံခါးဖွင့်လိုက်တော့ ပန်းခြင်းသေးသေးလေးကိုကိုင်လို့ ရပ်နေသည်မှာ ဆူယောင်းဖြစ်နေ၏။

" အစ်ကိုရှောင်းက အလုပ်မလာလို့ ယွီပင်းကိုမေးလိုက်တာ။ ဒီဆေးရုံမှာဆိုလို့ လိုက်လာလိုက်တာ ... ။ အနှောက်အယှက်တော့ ဖြစ်မသွားဘူးမလားအစ်ကို "

" မဖြစ်ပါဘူး အထဲဝင်ဦးလေ "

ရှောင်းကျန့်က ရှေ့ကနေ ပိတ်ရပ်ထားရာကနေဖယ်ပေးလို့ ဆူယောင်းကို အထဲဝင်ခိုင်းလိုက်တော့ ပန်းခြင်းလေးကို စားပွဲပေါ်ချပြီး ဝင်ထိုင်၏။စားပွဲပေါ် က အလုပ်ကိစ္စနဲ့ ပက်သက်တဲ့စာရွက်စာတမ်းတွေကိုပါ တွေ့လိုက်ရသည်။

သူမစိတ်ထဲမှာ အနည်းငယ် မတင်မကျတော့ ခံစားသွားရသည်။ ကုတင်ပေါ်က ဆေးရုံတက်နေရသည့် လူနာကို လှမ်းကြည့်လိုက်တော့ အသက်အတော်အတန််ငယ်ပုံရပြီး ကောင်လေးတစ်ယောက်ဖြစ်နေမှ သူမလည်း သက်ပြင်းချနိုင်တော့သည်။

မဟုတ်ရင် သူမက စိတ်ပူနေတာဖြစ်သည်။ အစ်ကိုက ကောင်မလေးတစ်ယောက်များရနေတာလားဟု စိုးရိမ်မိနေတာ သူမကိုယ်သူမ အသိဆုံး။

TOUCH (Zhanyi)Where stories live. Discover now