Ep - 14

4.4K 398 57
                                    

(Unicode)

ဆေးရုံမှာ ရှောင်းကျန့်က ရိပေါ်လုပ်ချင်တာတွေကို အကုန်လိုက်လုပ်ပေးနေရ၏။ အိမ်ထောင်မရှိသေးတဲ့ လူပျိုကြီး ရှောင်းကျန့်က ရိပေါ်ဆိုတဲ့ ကလေးတစ်ယောက်ကောက်ရနေသည်။

ပျင်းပါတယ်ဆိုလို့ ဇာတ်ကားလည်း အတူတူကြည့်ပေးရသေးသည်။ မကြီးမငယ်နဲ့ ကျောက်တုံး စက္ကူ ကပ်ကြေးဂိမ်းလည်း ဆော့ပေးရသေး၏။

ဝေ့ကျဲမင်ရဲ့သား ရှောင်ပေါင်းဆိုတဲ့ကလေးလေးနဲ့ပါ အဆစ် အဖော်လုပ်ပေးနေရသေးသည်။ ရှောင်းကျန့်က ကလေးချစ်တတ်သူဆိုတော့ ကိစ္စမရှိ။ 

တစ်ပတ်ကြာပြီးနောက် ရိပေါ်လည်း ဆေးရုံဆင်းလာသည်။ ဘယ်ဆေးရုံတက်နေလည်းဆိုတာကို မပြောပြတော့ ဟောက်ရွှမ်းတို့က မသာကောင်ဆိုပြီး မေတ္တာပို့ကြသည်။

ဆေးရုံတက်နေရင်းနဲ့ ဝေ့ကျဲမင်ရဲ့သားလေး ရှောင်ပေါင်းနဲ့ပါ ခင်လာခဲ့သေးသည်။

ရှောင်းကျန့်က ရိပေါ်ကို အိမ်အထိလိုက်ပို့ပေးသည်။

ဖွားဖွားတို့က လော့ရန်ကနေ ခုထိပြန်မလာသေးပေ။ အိမ်ပြန်တော့ အိမ်ကအလုပ်သမားတွေကလွဲလို့ ရိပေါ်တစ်ယောက်တည်းသာရှိ၏။

အိမ်မှာဘယ်သူမှမရှိတော့လည်း ဘာအရေးလဲ။ကျောင်းက ပြန်လာရင် အပြင်လျှောက်သွားနေလိုက်ရုံပဲပေါ့။

ရှောင်းကျန့်လည်း ရိပေါ်အခန်းထဲကိုလိုက်လာပြီး အကြမ်းဖျင်း လှည့်ပတ်ကြည့်နေ၏။

ရိပေါ်ကို ရှောင်းကျန့်က လူညစ်ပတ်လေးဟုထင်ထားခဲ့တာ ထင်ထားတာနဲ့တခြားစီ အခန်းက အတော်လေး သပ်ရပ်သန့်ရှင်းနေ၏။

စာလုပ်မလုပ်တော့မသိပါ စာအုပ်လေးတွေကတော့ စားပွဲပေါ်မှာအစီအရီနှင့် ။

အခန်းထဲက အစိမ်းရောင်နှင့်ပက်သက်တဲ့ပစ္စည်းလေးတွေများတာ သတိထားမိသည်။ အထူးသဖြင့် အမြင်မရိုင်းစေတဲ့အရောင်နုနုလေးတွေ။

ဆေးရုံစရိတ်တွေရောပါ ရှောင်းကျန့်က ရှင်းပေးခဲ့လို့ ရိပေါ်က ကျေးဇူးတင်နေတာဖြစ်၏။ ပြန်ပေးပါမည်ဆိုတော့လည်း လက်မခံသောကြောင့် အားနာနေရသည်။

TOUCH (Zhanyi)Where stories live. Discover now