Ep - 10

5.1K 436 68
                                    

ဆေးရုံရောက်တော့ ရိပေါ်က လုံးဝကို မျက်လုံးမဖွင့်နိုင်တော့သလို စကားလည်းမပြောနိုင်တော့။

ဆရာဝန်က အရေးပေါ် စမ်းသပ်စစ်ဆေးပြီး သက်သာအောင် ဆလိုင်းတွေချိတ် ဆေးတွေထိုးလုပ်ရသည်။လောလောဆယ်က ခွဲစိတ်ခန်းဝင်စရာမလိုသေးဟုပြောသည်။  မိုးလင်းရင် ဆေးစစ်စရာတွေရှိတာကြောင့်  ဆေးရုံတက်ခိုင်းသည် ။

VIP ခန်းသာယူလိုက်ပြီး စရံငွေကြိုပေးထားကာ အုပ်ထိန်းသူနေရာမှာ ရှောင်းကျန့်ပဲ လက်မှတ်ထိုးပေးခဲ့လိုက်၏။

ဆေးရုံကုတင်ပေါ်တွင် လဲလျောင်းနေသော ရိပေါ်မျက်နှာမှာဖြူဖျော့ဖျော့။ အချိန်ကြည့်လိုက်တော့ မနက်သုံးနာရီ။

ညအိတ်ဝတ်စုံလဲပြီး စာဖတ်နေတုန်း ဖုန်းဝင်လာလို့ အလောသုံးဆယ်လာခဲ့ရတာဆိုတော့ အိမ်စီး စလစ်ပါအပါးပဲစီးလာမိခဲ့ပြီး ညအိပ်ဝတ်စုံကိုတောင်မလဲခဲ့ရ။

လူနာစောင့်ကုတင်မှာ ဝင်လှဲလို့ ရှောင်းကျန့်မအိပ်သေးပဲ အတွေးပွားနေမိသည်။

အခု အိမ်မှာက ရိပေါ်တစ်ယောက်တည်းရှိတာလား !

အိမ်မှာလူကြီးတွေမရှိလို့များလှမ်းခေါ်တာလား !

တခြား ဘယ်သူ့မှ အကူအညီတောင်းစရာမရှိလို့များ ဖုန်းဆက်ခဲ့တာလား ! ဒါမှမဟုတ် အားကိုးလို့များလား !

အစပ်မစားနိုင်ဘူးဆိုတာတော ညနေက ဘာလ််ို့မပြောတာလဲ ! မစားနိုင်ပဲနဲ့ ဘာလို့စားတာလဲ !

ပြီးတော့ အစာအိမ်ရောဂါရှိမှန်းလည်း မသိဘူး !

အိမ်ကလူတွေရော ဘယ်သွားနေကြတာလဲ !

ဒီလိုပဲ  တွေးရင်းနဲ့ မနက်လေးနာရီထိုးခါနီးမှာ မှေးခနဲအိပ်ပျော်သွားသည်။

ဆရာဝန်တွေ round လှည့်လို့ အခန်းထဲဝင်လာမှပဲရှောင်းကျန့်က နိုးလာလေသည်။

ရိပေါ်ကတော့ မနိုးသေးတဲ့အတွက် ဆရာဝန်က စမ်းသပ်စရာရှိတာစမ်းသပ်လို့ ဘေးနားက သူနာပြုဆရာမလေးက ရှောင်းကျန့်ပြောသမျှ အချက်အလက်များကို ရေးမှတ်သွားသည်။

မနက် ခုနှစ်နာရီရှိပြီမို့ ယွီပင်းဆီလှမ်းဖုန်းဆက်ရသည်။အခန်းနံပါတ်ကိုပြောပြပြီး မနက်စာယူခဲ့ရန်၊ ပေါ့ပေါ့ပါးပါး အကျီတစ်စုံရယ် ဖိနပ်ရယ် မျက်နှာသစ်ဆေး သွားတိုက်တံစသဖြင့်လိုအပ်တာ ဝင်ဝယ်ခဲ့ရန် ပြောလိုက်သည်။ ဒီနေ့ကစလို့ ရိပေါ် ဆေးရုံဆင်းတဲ့အထိ ကုမ္မဏီကိုမသွားတော့ဘူးလို့ဆုံးဖြတ်လိုက်သည်။  

TOUCH (Zhanyi)Donde viven las historias. Descúbrelo ahora