Ep - 20

5.6K 440 56
                                    

(Unicode)

အထက်တန်းနောက်ဆုံးနှစ်ဖြစ်သဖြင့် ကျောင်းဖွင့်စမှာပင် ဆရာက စာကြိုးစားကြရန် ၊ တစ်ချိန်လုံး တ စာစာပဲလုပ်ကြရန် ၊  စာမှလွှဲပြီး တခြား အာရုံမစိုက်ကြရန် .... စသဖြင့် စာနဲ့ပက်သက်တာတွေချည်းပဲ ဟောပြောဆုံးမ သွား၏။

အထက်တန်းနောက်ဆုံးနှစ်နဲ့ အထက်တန်း ဒုတိယနှစ်ဆိုတာက တစ်နှစ်သာကွာပေမယ့် ကျက်ရမှတ်ရမယ့် စာတွေကတော့ မိုးနဲ့မြေလို အတော်လေးကွာသွားသည်။

ရိပေါ်တို့အဖွဲ့လည်း တက္ကသိုလ်တက်ရန်ရည်မှန်းချက်ကိုယ်စီရှိကြတာကြောင့် ခါတိုင်းလို ကျောင်းလစ်ချင်တိုင်းလစ် ဆိုးချင်တိုင်းဆိုး လေချင်တိုင်းလေမရတော့။ ရိပေါ်ကိုယ်တိုင်လည်း စာကြိုးစားတော့မှာဖြစ်တာကြောင့် စကိတ်စီးတာကိုလည်း ခဏနားထားပြီး ဆံပင်အရောင်တွေပါပြန်ပြောင်းပစ်လိုက်သည်။

ဒီနှစ်အတွင်းမှာ ဆံပင်အရောင်ဆယ်ရောင်လောက်ပြောင်းခဲ့ရ၍ ဆံပင်တွေလည်း အတော်လေးပျက်စီးနေပြီ။ ဒါကြောင့် ဆံပင်တွေပါညှပ်ချလိုက်တော့ ပါးဖောင်းတာလေးက ပိုပြီးပေါ်လာ၏။

တစ်ဆက်တည်းတွေးလိုက်မိသည်က ပါးပိုဖောင်းလေ ရှောင်းကျန့်ကပိုကြိုက်လေဆိုတာပါပဲ။

သွားတွေ့ရင်တော့ ခါတိုင်းလိုပဲ ပါးတစ်ခုလူံးချိုင့်ဝင်သွားအောင် တရွှတ်ရွှတ်နဲ့ နမ်းပါလိမ့်ဦးမည်။

ရိပေါ်တ်ို့အဖွဲ့လည်း ဒီနှစ်တစ်နှစ်တည်း အစွမ်းကုန်ကြိုးစားဖို့ရယ်နဲ့ ကျောင်းမလစ်တော့ဖို့ တိုင်ပင်ပြီး ကတိတွေပေးထားကြ၏။

ရှောင်းကျန့်က အလုပ်ကိစ္စဖြင့် သုံးလလောက် ကိုရီးယားကိုသွားလေပြီ။ လိုင်းပေါ်မှာပဲ အဆက်အသွယ်လုပ်ရင်း ရိပေါ်လည်း စာတွေကြိုးစားနေ၏။

ထူးထူးဆန်းဆန်း အပြင်မထွက်တော့ပဲ စာတွေပဲဖိလုပ်နေသည့် ရိပေါ်ကိုကြည့်ကာ ဖွားဖွားတို့ကြီးကြီးတ်ို့တောင် အံ့သြလို့ပဲ။

.........

" ဒီနေ့ အစ်ကိုရှောင်းနဲ့ ညစာစားလို့ရမလား.....မငြင်းပါနဲ့အစ်ကို ကျေးဇူးပြုပြီး "

TOUCH (Zhanyi)Where stories live. Discover now