Ep - 21

5.5K 417 141
                                    

(Unicode)

" ကိုကို သိလား။ စာတွေက အရမ်းခက်တာနော်။ ကျက်နေရင်းရူးတော့မလိုပဲ။ ဆံပင်တွေတောင်ဖြူလာပြီလားမသိပါဘူး "

ဆံပင်ကိုလှမ်းကိုင်ရင်းနှုတ်ခမ်းဆူထော်ဆူထော်နဲ့ ပြောနေတဲ့ ရိပေါ်ကိုကြည့်ရင်း ရှောင်းကျန့်ရဲ့ အသဲယားပိုးတွေထလာပြန်ပြီ။

မကြာခင်မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွေဖြေရတော့မှာဖြစ်တာကြောင့် ရိပေါ်လည်း စာအသေအလဲ ကျက်နေရတာဖြစ်၏။

" ခက်တော့ခက်တာပေါ့။ ကိုယ့်တုန်းကလည်း ဒီအချိန်တွေကျော်ဖြတ်ခဲ့ရတာပဲလေ။ အရမ်းကြီးစိတ်မလှုပ်ရှားပါနဲ့။ ပုံမှန်စာလုပ်ခဲ့တာပဲမလား "

" အင်း "

ရှောင်းကျန့်က ရိပေါ်ကို သူ့မိသားစုနဲ့ မိတ်ဆက်မပေးရသေးပေမယ့် ရိပေါ်က ရှောင်းကျန့်ကို သူ့အိမ်နဲ့ မိတ်ဆက်ပေးထားတာကြောင့်ဝမ်အိမ်က ကြီးကြီးတ်ို့ ဖွာဖွားတို့ကတော့ ရိပေါ်နဲ့ ရှောင်းကျန့်က ချစ်သူတွေဆိုတာကို သိပြီးပြီ။ ဒါကြောင့် ရှောင်းကျန့်လည်း ဝမ်အိမ်ကို တံခါးမရှိဓားမရှိဝင်ထွက်နေသည်။ တစ်ခါတလေဆို ညလာအိပ်တာတောင်ရှိ၏။

တစ်အိပ်ယာထဲအိပ်ဖြစ်ပေမယ့် ဘာမှမဘာဖြစ်ဖူးဆိုတာက ရှောင်းကျန့်က သမာဓိအားတွေ ဇွတ်ကောင်းနေလို့တော့မဟုတ်။ ဘယ်ကျားက ဥပုသ်စောင့်လို့လဲ။ ရိပေါ်က ငယ်သေးတဲ့ဆိုတဲ့ အကြောင်းပြချက်နဲ့ စိတ်ကိုချိုးနှိမ်ထားရတာ လွယ်တဲ့ကိစ္စတော့မဟုတ်ဘူး။

အသည်းယားလွန်းလို့ ခဏခဏဖြစ်ညှစ်ပြီး နမ်းမိနေသည်မှာတော့ ခြွင်းချက်ပင်။

......

အထက်တန်းနောက်ဆုံးနှစ်ကျောင်းသားတွေအတွက် ဘဝတစ်ဆစ်ချိုး အဆုံးအဖြတ်မေးမည့် နောက်ဆုံးစာမေးပွဲကြီးရောက်လာပြီဖြစ်သည် ။

စာမေးပွဲဖြေရမယ့်အတောအတွင်းမှာ ရှောင်းကျန့်က ရိပေါ်ကို အကြိုအပို့လုပ်ပေး ဂရုစိုက်ပေးသလို အစားအသောက်ကအစ ကြီးကြီးတို့ကိုဝင်ကူပေးလုပ်ပေးလေသည်။

ဇွန်လ၇ ရက်ကနေ ၉ ရက်အထိ ကျင်းပတဲ့ သူံးရက်တာစာမေးပွဲလေးကိုဖြေဖို့ရာအတွက် ရိပေါ်တို့ အထက်တန်းနောက်ဆုံးနှစ်ကျောင်းသားတွေ စာကျက်ခဲ့ရတာတော့ သေမလိုပါပဲ။

TOUCH (Zhanyi)Where stories live. Discover now