Ep - 18

4.7K 452 94
                                    

(Unicode)

ဟိုတစ်နေ့က သရဲအိမ်ဝင်ပြီးနောက် စိတ်ကောက်နေတဲ့ ရိပေါ်ကို ဟော့ပေါ့ကျွေး၍ ချော့လိုက်တော့ စိတ်ဆိုးပြေသွားလေသည်။

ကျောင်းက ပြန်ဖွင့်တော့မှာလို့ထင်ထားခဲ့ပေမယ့် ခုမှ သြဂုတ်လအစမို့ တကယ်က တစ်လလောက်လိုသေးသည်။ အပြီးသတ်တော့မှ ရိပေါ်က ကျောင်းဖွင့်ချိန် အ,တွက်မှားထားခြင်း။

စက်တင်ဘာလမှာစမယ့် အထက်တန်းနောက်ဆုံးနှစ်ကျောင်းသားဘဝက နောက်နှစ် ဇွန်လတွင် ပြီးဆုံးလိမ့်မည်။

ကျောင်းလည်းမဖွင့်သေးတာကြောင့် ခပ်ပျင်းပျင်းရှိတာနဲ့ ရိပေါ်က ရှောင်းကျန့်တို့ ကုမ္ပဏီကိုလိုက်လည်လို့ရလားလို့မေးထားသည်။ ရှောင်းကျန့်က လာခေါ်မယ်လို့ပြောထားပေမယ့် ရှောင်းကျန့်ကို ဆက်သွယ်လို့မရပေ။ မက်ဆေ့ချ်ပို့လည်း မကြည့်သလို ဖုန်းကလည်း စက်ပိတ်ထားလေသည်။

မနက်ခင်းမို့ မကြည့်တာလို့ထင်ထားပေမဲ့ နေ့လည်ရောက်တော့လည်း ဖုန်းက စက်ပိတ်ထားမြဲ။

ရှောင်းကျန့်က ဘာအချိုးချိုးသွားတာလည်းတော့မသိပေမဲ့ ရှောင်းကျန့်လာခေါ်မယ်အထင်နဲ့စောင့်နေတဲ့ ရိပေါ်က ဖုန်းကိုကြည့်ရင်း အရူးကြီးလိုပင်။  စိတ်အချဥ်ပေါက်လာလို့ ဖုန်းနံပါတ်တွေကိုရော wechat မှာပါ ဘလော့ထားလိုက်၏။

ဘလော့ထားတာကိုသိရင်တော့ နောက်နေ့ကျ အိမ်ထိများလာချော့မလားလို့ စောင့်နေပေမယ့် ပေါ်မလာတာ သုံးရက်ရှိနေပြီ။

ကစားကွင်းတုန်းက ကိစ္စနဲ့စိတ်ဆိုးရအောင်လည်း အသက်အရွယ်ကကြီးနေပြီ။ မဖြစ်သင့်ဘူးမလား။ စိတ်ဆိုးရအောင် ကိစ္စကြီးလည်း ရိပေါ်က ဘာမှလုပ်မထားပါ။ ပြီးတော့ စိတ်ဆိုးရမယ့်သူက ရိပေါ်မလား။

သူများကို ရည်းစားတွေလို့လည်းလျှောက်ပြောပြီး  အနမ်းကလည်းခံလိုက်ရသေးတယ်။ဒါကို ဘယ်သူက နစ်နာသွားတာလဲ  (¬_¬)

စကိတ်လည်းစီးချင်စိတ်ရှိမနေတဲ့အပြင် ဘယ်သူနဲ့မှလည်း စကားပြောချင်စိတ်မရှိတာကြောင့် အိပ်ပဲအိပ်နေလိုက်တော့သည်။

.......

ရှောင်းကျန့်မှာ ကိုရီးယားကိုရောက်နေတာ သုံးရက်ရှိပြီဖြစ်သည်။  ခုတစ်ခေါက် ကိုရီးယားဘက်က ကုမ္ပဏီနဲ့ ပူးပေါင်းမှုက အောင်မြင်ခဲ့ပြီး ပရောဂျက် အကြီးစားကြီးလုပ်ဖို့အတွက် သဘောတူညီမှုရခဲ့၍ ရှောင်းကျန့်လည်း တက်ကြွနေသည်။ ဒီပရောဂျက်သာအောင်မြင်ရင် ဒီနှစ်လည်း X Group က တရုတ်ရဲ့ ထိပ်တန်း ကုမ္ပဏီငါးခုထဲကနေ ဆင်းမည်မဟုတ်။ဒီပရောဂျက်က အရင်ကတည်းက စီစဥ်ထားတာဖြစ်ပြီး ဒီနေ့ပဲ ပြန်မှာဖြစ်သည်။

TOUCH (Zhanyi)Where stories live. Discover now