Ep - 5

5.2K 499 42
                                    

ရိပေါ်ရဲ့ မာမားမွေးတာက မိန်းကလေး။

ရိပေါ်အတွက်ကတော့ အမေတူ အဖေကွဲညီမလေးရလ်ိုက်တာဖြစ်သည်။

ရိပေါ်ထိုကလေးမကို မုန်းလည်း မမုန်းသလို ချစ်လဲမချစ်။ ကြီးကြီးနဲ့ ဖွားဖွားက  လော့ရန်မှာရှိတဲ့ မာမားကိုသွားတွေ့သည့်တိုင် ရိပေါ်လိုက်မသွားခဲ့။

ပထွေးရဲ့ သမီးလောကထဲရောက်လာတာကို ဘယ်လိုစိတ်နဲ့ လိုလိုလားလားကြ်ိုဆိုရမှာလဲ။

နွေကျောင်းပိတ်တုန်းကို စကိတ်စီးလို့သာအချိန်ဖြုန်းနေလိုက်သည်။

ခါတိုင်း ဖန်းလျဲ့နဲ့ မြစ်ဘေးကပန်းခြံထဲမှာ စကိတ်လာစီးနေကြဆိုပေမယ့် ကျောင်းပိတ်ရက်ဖြစ်တာကြောင့် သူမက မိသားစုလိုက် ခရီးထွက်သွားကြတာမို့ ခုတလော စကိတ်စီးရတာ ရိပေါ်တစ်ယောက်တည်းဖြစ်နေသည်။

ဒီနားပဲ ပတ်စီးနေရတာ ခပ်ပျင်းပျင်းရှိတာမို့ ရိပေါ်လည်း ရပ်ကွက်ကျော်ပြီးလာခဲ့လိုက်သည်။

ရိပေါ်တို့ X ရပ်ကွက်လို ဒီရပ်ကွက်ကလည်း ဆိတ်ငြိမ်ရပ်ကွက်တစ်ခုဖြစ်ပြီး လူကုံထံတွေပဲသီးသန့်နေတဲ့ နေရာတစ်ခုဖြစ်သည်။

သစ်ပင်ရိပ်က လမ်းနှစ်ဖက်မှာ ခပ်အုပ်အုပ်၊ လူသွားလူလာလည်း ပြတ်တဲ့အပြင် အေးအေးဆေးဆေးရှိတာကြောင့် စကိတ်ဘုတ်ကို ချလို့ လမ်းတစ်လျှောက် ပတ်စီးနေလိုက်သည်။

ကားလည်းတစ်စင်းမှမလာတာကြောင့် လူရှင်းတယ်ထင်ပြီး စကိတ်ဘုတ်ကို အရှိန်နဲ့စီးရာကနေအကွေ့။

" ဝုန်း "

ကားတစ်စီးနဲ့ တိုက်မိလို့ ရိပေါ်လည်းအလှမ်းနည်းနည်းကွာတဲ့အထိ လွင့်စင်သွားရသည်။

ရိပေါ်ကို တိုက်မိပြီးမှ ရှောင်းကျန့်တို့ကားလည်းကားကိုအမြန်အရှိန်သတ်လိုက်ရသည်။

" ယွီပင်း ဘာဖြစ်တာလဲ "

" စကိတ်စီးနေတဲ့ ကောင်လေးတစ်ယောက်ကို တိုက်မိလို့ဆရာ "

" ကျစ် * သွားဆင်းကြည့်ချည်...အရေးမကြီးရင် အလျော်ပေးခဲ့လိုက် "

" ဟုတ် "

ယွီပင်းလည်း ကားပေါ်ကဆင်းလို့ တိုက်မိတဲ့ကောင်လေးအား ဒဏ်ရာများရသွားလား ဒါမှမဟုတ် သေသွားလားဆိုတာကို စစ်ဆေးကြည့်ရသည်။

TOUCH (Zhanyi)Where stories live. Discover now