Ep - 7

4.7K 470 29
                                    

(Unicode)

ဘာလိုလ်ိုနဲ့ ရိပေါ်တောင် အထက်တန်းဒုတိယနှစ်ရောက်လာပြီ။

ရိပေါ်ရဲ့ ညီလေးဝမ်ကျယ်တောင်ဆယ်နှစ်ထဲရောက်လာတော့မည်။ နောက်ယောကျာ်းနဲ့မွေးတဲ့ကလေးကလည်း လေးနှစ်ပြည့်လုလု။ သိပ်မကြာခင်မှာရိပေါ်လည်း အသက်ပြည့်ပြီး လူကြီးပေါက်စလေးဖြစ်တော့မည်။

ပန်းချီဆရာရှောင်းကျန့်ကလည်း ရိပေါ်အထက်တန်းပထမနှစ်မှာပင် ပန်းချီဆရာအဖြစ်ကနေ အလုပ်ထွက်သွားသည်။

တစ်နှစ်ကျော်လောက် ရှောင်းကျန့်နဲ့ ရိပေါ်က အဆက်အသွယ်ပြတ်သွားပြီး ရိပေါ်က ရှောင်းကျန့်ကို သတိတောင်မရတော့။

မာမားကြောင့် ရိပေါ်ကျောင်းပိတ်တိုင်း လော့ရန်ကိုပြန်ဖြစ်သည်။မာမားက အရင်ကထက်စာရင် ရိပေါ်ကို ပိုဂရုစိုက်လာသောကြောင့်။

လော့ရန်ကိုပြန်တိုင်း ပထွေးနဲ့ ပြသနာတစ်ခုမဟုတ်တစ်ခုတက်တာကတော့ အမြဲလိုပင်။ ပြသနာဆိုတာကလည်း ရိပေါ်ဘက်ကသွားစတာက များသည်။

ရိပေါ် ဒီလူအပေါ်သိပ်မသင်္ကာ။ အရွယ်ငယ်သေးတဲ့ဒီလူက ကိုယ့်သွေးသားအရင်းရှိတာတောင်မှ ရိပေါ်အပြင်ထွက်တိုင်း ထိုလူကိုကောင်မလေးတွေနဲ့တွဲတွေ့နေရသည်ဆိုတော့။

မာမားက အလုပ်ထဲမှာပဲ ခေါင်းနှစ်နေပြီး သူ့ယောကျာ်းက ဘာလုပ်နေလဲဆိုတာကိုမသိ။ ရိပေါ်ပြောပြတော့လည်း အစကတည်းက ပထွေးကိုမုန်းတဲ့ရိပေါ်က ပထွေးကိုဂျောက်ချဖို့ လိမ်ဆင်တွေပဲလုပ်နေသလို။

မကျေနပ်လို့ တည့်ရှင်းတော့ ထိုသူက  အလုပ်ကိစ္စကြောင့်သာတွေ့ရပါသည်တဲ့။မာမားကလည်း သူ့ယောကျာ်းပြောတာပဲယုံသည်။ အလကားနေရင်း ရိပေါ်က လူလိမ်ကိုဖြစ်လို့။

ချုံချင်းကိုစိတ်ဆိုးပြီးပြန်သွားတိုင်း ယောကျာ်းကို အလိုလိုက်လွန်းတဲ့ မာမားက လော့ရန်ကနေ ချုံချင်းထိ လာလာပြီး ရိပေါ်ကို ချော့တတ်သေးသည်။ ယောကျာ်းကိုလည်းမနိုင် သားပစ်သူကိုလည်း ပစ်ထားလို့မရတဲ့ ဝမ်မာမားမှာအဖြစ်ဆိုးသည်။

အရင်ကရိပေါ်က မာမားကို အမြင်မကြည်ခဲ့ပေမယ့်လည်း ခုတော့ မာမားကိုသာ စိတ်ချမ်းသာစေချင်တော့သည်။မာမားလည်း ဒီနှစ်တွေအတွင်းမှာ  သူ့ယောကျာ်းအကြောင်းတွေ သိချင်သိလိမ့်မည်။ မကောင်းတတ်လို့ မသိချင်ယောင်ဆောင်ထားပေးလိုက်ပုံလားမပြောတတ်။

TOUCH (Zhanyi)Where stories live. Discover now