Ep - 16

4.5K 444 81
                                    

(Unicode)

ကျောင်းပိတ်တုန်း ရိပေါ်က လော့ရန်က မာမားတ်ို့ဆီသွားလည်ဖြစ်သည်။ရိပေါ်နဲ့ လျန်ချန်းမင်နဲ့ကတည့်လိုက် မတည့်လိုက်နှင့်။

ဒီနေ့ ရိပေါ်က လော့ရန်က ငယ်သူငယ်ချင်းတွေနဲ့ တွေ့ဖို့ အစီအစဥ်ဆွဲထားသည်။ အိမ်ကနေထွက်ပြီး သူငယ်ချင်းတွေနဲ့ ချိန်းထားတဲ့နေရာကိုလာခဲ့လိုက်သည်။

ထိုအချိန်မှာပဲ ရှောင်းကျန့်ဆီက ဖုန်းဝင်လာ၏။

" ရိပေါ် ဒီနေ့အားလား .. ဘာမှလုပ်စရာမရှိရင် ကိုယ်ကမင်းကိုလာခေါ်မလို့ "

အဲတာမှ ဂွကျပြီ။ ရိပေါ်က လော့ရန်မှာရောက်နေတဲ့ဆိုတာကို ရှောင်းကျန့်အားပြောမထားရသေး။

" ကျွန်တော်က အခုလော့ရန်မှာ "

" ဟင် ... ဘယ်တုန်းကသွားလိုက်တာလဲ။ ကိုယ်လည်းမသိရပါလား "

" မနေ့ကမှလာလိုက်တာ "

တကယ်တမ်းလော့ရန်ကိုရောက်နေတာ ဆယ်ရက်လောက်ရှိပြီဖြစ်ပေမဲ့ လိမ်ပြောလိုက်သည်။

" သြော်... ဒါဆိုလည်း လော့ရန်ကနေပြန်လာမှ တွေ့ကြတာပေါ့ "

" ဟုတ် ဒါပဲနော် အဲတာဆို( ရိပေါ်ငါတို့ကဒီမှာ) "

" အင်း "လို့မဖြေရသေးခင်မှာပင်ဖုန်းက ကျသွားပြီ။ ဖုန်းထဲကကြားလိုက်တဲ့ အသံတွေအရ လော့ရန်မှာ သူငယ်ချင်းတွေနဲ့တွေ့ပြီး လျှောက်လုပ်နေပြန်ပြီထင်တယ်ဟုတွေးရင်း သက်ပြင်းချမိတော့သည်။

ထိုင်ခုံပေါ် ခြေပစ်လက်ပစ်ထိုင်လို့ မျက်နှာကျက်ကိုကြည့်နေမိတုန်း ရုံးခန်းထဲကို  တံခါးခေါက်ပြီး လူတစ်ယောက်ဝင်လာလေသည်။

" ဟင် ... အကျဲ နင်က ဘယ်လိုလုပ် "

ရုံးခန်းထဲဝင်လာသည်က ရှောင်းကျန့်ရဲ့ အစ်မအရင်း ရှောင်းလီ။ ရှောင်းလီက ရှောင်းကျန့်ထက် သုံးနှစ်ကြီးသည်။ အိမ်ထောင်ကျပြီးနောက် ကိုရီးယားကိုသူ့ယောကျာ်းနဲ့လိုက်သွားပြီး ဟိုမှာပဲ အခြေကျနေတာဖြစ်သည်။ ဆယ့်ငါးနှစ်အရွယ်သားတစ်ယောက်လည်းရှိသည်။

ရှောင်းကျန့်ကို ဘာမှအကြောင်းမကြားပဲ ရုတ်ချည်းဆ်ိုသလို ရောက်လာတာကြောင့် အံ့သြနေတာဖြစ်၏။

TOUCH (Zhanyi)Where stories live. Discover now