Ep - 23

5.1K 411 157
                                    

(Unicode)

နှစ်ဖက်အသိုင်းအဝိုင်းစုံစုံလင်လင်နဲ့ကျင်းပခဲ့တဲ့ လက်ထပ်ပွဲကတော့ ပြီးသွားလေပြီ။

ရိပေါ်က ကြီးကြီးကျယ်ကျယ်မလုပ်ချင်ပေမယ့် ရှောင်းမိသားစုဘက်က ခမ်းခမ်းနားနားပဲလုပ်ချင်တယ်ဆိုတာကြောင့်အသာလေးငြိမ်နေလိုက်ရ၏။

မင်္ဂလာပွဲမှာ ရှောင်းကျန့်မိတ်ဆက်ပေးသမျှလူတွေကို တစ်မနက်လုံးသွားစိပြနေရတာကြောင့် ရိပေါ်မှာ အာတွေညောင်းလို့ ပျင်းလည်းပျင်းနေချေပြီ။ ဒါကို ညစာစားပွဲလုပ်ဦးမှာဆိုလို့စိိတ်ညစ်နေရပြန်သည်။

မင်္ဂလာလေးတစ်ခါဆောင်ပါတယ် ဒီလောက်တောင်ပင်ပန်းမယ်လို့ ရိပေါ်လည်း မထင်ထားခဲ့ပါ။

လက်ထပ်တာလည်း အလုပ်တစ်လုပ်ပါလားဆိုတာ ကိုယ်တိုင်လက်ထပ်ကြည့်မှပဲ သိရတော့သည်။

ညစာစားပွဲပြီးတာနဲ့ ရိပေါ်လည်း တော်တော်လေး နုံးချိနေပြီ။

" ပင်ပန်းနေပြီလား "

" အင်း "

ရိပေါ်မှာ အခန်းထဲရောက်တာနဲ့ အိပ်ယာပေါ်ပစ်လှဲမိသည်အထိ။ ရှောင်းကျန့်က ရိပေါ်ကိုအကျီတွေ ချွတ်ပေးရသည်။ ညနေက ရေချိုးထားတာကြောင့် ခုညတော့ ရေမချိုးဖြစ်တော့။

ရှောင်းကျန့်မှာ ပျင်းကြောဆွဲနေတဲ့ ရိပေါ်ကို အကျီတွေချွတ်ပေးရင်းနဲ့မှ ဒီည မင်္ဂလာဦးဖို့ ဘယ်လိုစကားစရမှန်းမသိဖြစ်နေရသည်။

ရိပေါ်ကတော့ လက်ခံမှာမဟုတ်။ ဟိုတစ်ခေါက်ရေပူစမ်းမှာကတည်းက နောက်တစ်ခေါက် ဒါမျိုးလုပ်ရင် ခင်ဗျားဆံပင်တွေအကုန်ကျွတ်သွားအောင် ဆောင့်ဆွဲပစ်မှာလို့ကြိမ်းထားတာကြောင့် ရှောင်းကျန့်မှာ အနည်းငယ်တွေဝေနေရတာဖြစ်သည်။

ဆံပင်ဆောင့်ဆွဲခံရတာ အရေးမဟုတ်ပါ ရိပေါ်က အော်ဆဲမှာပဲ စိုးရိမ်တာဖြစ်သည်။

တစ်ညတည်းနဲ့ ကလေးတစ်ယောက်ရအောင်လုပ်နိုင်တဲ့ ရှောင်းကျန့်ကလည်း အတော်စွမ်း၏။

မှိန်းနေဆဲ ရိပေါ်ရဲ့ အကျီတွေက ရှောင်းကျန့်လက်ချက်နဲ့ အကုန် ကျွတ်သွားပြီဖြစ်သည်။

TOUCH (Zhanyi)Where stories live. Discover now