Ep - 6

5.1K 461 54
                                    

(Unicode)

ညနေဘက်ဆို ခါတိုင်းလိုမြစ်ကမ်းဘေးမှာ စကိတ်စီးဖို့ ထွက်လာခဲ့လိုက်သည်။

ကွန်ကရစ်လမ်းတစ်လျှောက် စကိတ်စီးလာရင်း ရှေ့က စက်ဘီးနဲ့  လူတစ်ယောက် မစီးတတ်စီးတတ်နဲ့စီးလို့  စက်ဘီးပစ်လဲတာကို တွေ့လ်ိုက်ရ၏။

စက်ဘီးစီးရင်းအုန်းခနဲပစ်လဲသွားသည့် ဆရာ့ကို မလှမ်းမကမ်းက ကားရပ်ထားတဲ့နေရာကနေလှမ်းကြည့်လို့ ယွီပင်းလည်းရင်တမမ။

ဆရာဟာ ဒီအရွယ်ကြီးရောက်မှ အထူးအဆန်းတွေလုပ်နေပြန်ပြီ။ခုလည်း သေခါနီးမှ စက်ဘီးစီးကျင့်နေပြန်သည်။

ဖော်မြူလာဝမ်း ကားမောင်းပြိုင်ပွဲကို ဝင်ပြိုင်လို့ရလောက်တဲ့အထိ ကားမောင်းကျွမ်းတဲ့ဆရာကို အသရေဖျက်နေတာက စက်ဘီးလုံးဝမစီးတတ်ဘူးဆိုတဲ့ အချက်ပဲဖြစ်သည်။

ဆရာက စုံစမ်းခိုင်းသေးသည်။ ရိပေါ်လုပ်နေကျ အကျင့်တွေကို သိချင်ပါသည်တဲ့။ ဒါကြောင့် ရိပေါ်နောက်ကို နေ့တိုင်းလိုက်ချောင်းလို့ ညနေခင်းတိုင်း မြစ်ဘေးမှာ စကိတ်စီးတတ်တာကို သိလိုက်ရသည်။ ဆရာ့ကို အစီအရင်ခံတော့ မြစ်ဘေးသွားပြီး စက်ဘီးစီးကြမယ်တဲ့လေ။ စကိတ်တော့ ဆရာက  ဝါသနာမပါဘူးဟုပြောသည်။

ကြားထဲက ခေါင်းနားပန်းကြီးရတာက ယွီပင်းပင်ဖြစ်သည်။

" ဟေ့လူ ခင်ဗျား ရရဲ့လား "

" ရိပေါ် "

"ဟမ်..  ဆရာ? "

လဲနေတဲ့သူကို သွားထူပေးလိုက်တော့ ထိုလူက ရိပေါ်ရဲ့ ပန်းချီဆရာ ရှောင်းကျန့်ဖြစ်နေလေသည်။

ရှောင်းကျန့်လည်း ဖုန်ခါလို့ ကိုယ်ကိုတစ်ပတ်လည်ကြည့်ရသေးသည်။
ဒူးကတော့ နည်းနည်းပွန်းသွားသည်။

" အာ့ ... ခြေထောက် "

ရှောင်းကျန့်က ဒူးပွန်းရုံကလွဲပြီး မနာတဲ့ခြေထောက်ကို ယိုင်အောင်လုပ်လို့ ရိပေါ်ကို တွဲစေလိုက်သည်။ တစ်ကိုယ်လုံးကလည်း ရိပေါ်ကို ပစ်မှီထား၏။

" ဘယ်လိုလုပ်မလဲ အဆင်ပြေရဲ့လားဆရာ... ဆေးခန်းသွားကြမလား "

ငါးပေခြောက်လောက်ပဲရှိသည့်ရိပေါ်က ခြောက်ပေကျော်အရပ်ကြီးနဲ့ ရှောင်းကျန့်ကို တွဲထားရတာ လွယ်တော့မလွယ်လှ။

TOUCH (Zhanyi)Where stories live. Discover now