Ep - 8

4.8K 429 40
                                    

ရှောင်းကျန့်ရဲ့ ခေါ်ဆောင်မှုနဲ့ ရိပေါ်လည်း နှစ်ဆယ့်လေးနာရီဖွင့်တဲ့ မိနီမတ် (mini mart) လေးထဲရောက်နေရသည်။

" ဂွီ "

ရှေ့က အငွေ့တစ်ထောင်းထောင်းထနေတဲ့ ခေါက်ဆွဲပြုတ်ဘူးကို ကြည့်လို့ ဗိုက်မှာပိုတ်ိုးလို့ဆာလာရသည်။ သို့ပေမယ့် သူ့ကို စိုက်ကြည့်နေတဲ့ ရှောင်းကျန့်ကြောင့် ရိပေါ်လည်း ခုထိ စားခွင့်မရသေး။

" စားတော့လေ ဗ်ိုက်ဆာနေတယ်မလား "

" ဟုတ် "

ခွင့်ပြုချက်ရမှ ခေါင်းအသာငြိမ့်လို့ ခေါက်ဆွဲဘူးကိုကိုင်ပြီး အားရပါးရစားနေသည့် ရိပေါ်အားကြည့်ပြီး ရှောင်းကျန့် သက်ပြင်းချမိသည်။

အတွေးတွေက လွန်ခဲ့သော နာရီဝက်ခန့်ဆီသို့။

" တောင်းပန်ပါတယ်ဆရာ ။ ဆရာမှန်းမသိလို့ နမ်းမိလိုက်တာပါ "

လက်အုပ်ချီလို့ ထိုင်ရှိခိုးတော့မတတ်တောင်းပန်နေတဲ့ ဝမ်ရိပေါ်ကို ခပ်ဆတ်ဆတ်လေးရိုက်ပစ်လိုက်ချင်တာမှ တအား။

" ငါမဟုတ်ရင်လည်း နမ်းမယ်ဆိုတဲ့ သဘောလား "

" အဲ့လိုလည်း မဟုတ်ရပါဘူး ... ဆရာကလည်း ... ကျွန်တော့်နောက်ကို လူဆိုးတွေလိုက်လာလို့ အမြန်သရုပ်ဆောင်လိုက်ရတာပါ .. ခွင့်လွှတ်ပေးလို့မရဘူးလား....ဟင်  "

လက်လေးနှစ်ဖက်ကို အချင်းချင်းဆုပ်ခြေပြီး မျက်နှာငယ်လေးနဲ့။  ခြေထောက်တွေကို အငြိမ်မနေ ဖိနပ်ထိပ်ဦးကို လမ်းပေါ်ကိုထိုးဆွလို့ ခေါင်းကိုငုံ့ထားပြီး ပြန်ပြောနေသည်က မသိရင် ရှောင်းကျန့်ကပဲ သူ့ကို တမင်သက်သက်ဆူနေသလိုမျိုး။

ရုပ်တည်ကြီးနဲ့ ဆူငေါက်သလိုပြောနေတဲ့ ရှောင်းကျန့်ကို ရိပေါ်တကယ်ကြောက်သည်။

မှတ်မှတ်ရရ ပန်းချီချိန်အတန်းလစ်လို့ဆိုပြီး အတန်းရှေ့မှာ တစ်နာရီတိတိ ဒူးထောက် လက်မြှောက်ခိုင်းဖူးထားသည်ဆိုတော့။

" ကျစ် * လူဆိုးတွေ နောက်ကလိုက်လာရအောင် မင်းက အပြစ်တစ်ခုခုလုပ်ထားလို့ပေါ့ .. ။ ဟိုကောင်တွေက မင်းလို ချာတိတ်နောက်ကို အလကားနေရင်းလိုက်ပါ့မလား "

TOUCH (Zhanyi)Where stories live. Discover now