Ep - 2

6.4K 543 55
                                    

(Unicode)

ချုံချင်းကို အလည်လာတဲ့ မာမားက တစ်လနေမှပြန်မည်ပြောသည် ။ ပထွေးမျက်နှာကို တစ်လတိတိမြင်ရမှာဆိုတော့လည်း ရိပေါ်ဘက်က ရှောင်နေရုံပဲရှိတော့သည်။

ကျောင်းဖွင့်နေပြီဆိုတော့လည်း သိပ်တော့ ကိစ္စမရှိ။

မနှစ်ကထိ လော့ရန်မှာရှိတဲ့ အင်္ဂလိပ်ကျောင်းမှာပဲတက်ခဲ့တဲ့ရိပေါ်က ဒီနှစ်ချုံချင်းမှာတော့ အစိုးရပိုင်ကျောင်းကို ပြောင်းတက်သည်။

တရုတ်ဘာသာနဲ့ အင်္ဂလိပ်ဘာသာကလွဲလို့ ကျန်နဲ့ဘာသာတွေနဲ့ ရိပေါ်နဲ့က လုံးဝကိုမှဓာတ်မတည့်။

သမိုင်း သင်္ချာ ရူပဗေဒ ဓာတုဗေဒ စတဲ့ ဦးနှောက်စားစရာ ဘာသာရပ်တွေနဲ့ ရိပေါ်က အလက်ဂျစ်ရှိသည်။

ကျောင်းမှာနိုင်ငံခြား ဘာသာစကားတစ်ခုကိုမဖြစ်မနေသင်ရမည်ဆိုတော့ ဂျပန် ဘာသာကို ရိပေါ်ရွေးချယ်ခဲ့သည်။

ဂျပန်ဘာသာမှာ စာလုံးတွေက တရုတ်နဲ့ဆင်သည်ဆိုတော့ လေ့လာရတာ အခက်အခဲမရှိဘူးလို့ထင်လိုက်လို့။

ဒါ့ထက် အသက်ပြည့်ပြီးမှကြည့်လို့ရမယ့် ဂျပန်ဇာတ်ကားတွေကို ကောင်းကောင်း နားလည်ချင်တာလည်းပါလို့ပဲဖြစ်သည်။

" ဆိုင်ကယ်ဝယ်ပေး "

ကျောင်းမသွားခင် လွယ်အိတ်ကို တစ်စောင်းလွယ်လို့ လှေကားထိပ်မှာပဲ မတ်တပ်ရပ်ပြောလိုက်သည်။ ဧည့်ခန်းမှာထိုင်နေ့သည့် ဘေးနားက မာမားယောကျာ်းကတော့ ရိပေါ်အားပြုံးပြနေသည် ။

ထိုမျက်နှာကြီးအား မဲ့ပြီးရှုံ့တွသွားအောင်လုပ်ပစ်ချင်သည်။

ကိုယ့်ကိုယ်ကို အိမ်ထောင်သည်ဆိုတာကိုရော ထိုလူက သတိရသေးရဲ့လားမသိ။မာမားရဲ့ပိုက်ဆံနဲ့ မင်းသားရှုံးအောင် ဘရန်းဒက်တွေချည်းဝတ်စားထားတဲ့ ထိုလူက သူ့ကိုယ်သူ လူပျိုလိုလို ဘာလိုလို။ မာမားကတော့ သူ့လူသူ သဘောတွေကျလို့ ရိပေါ်ကတော့ မျက်စိဆံပင်မွှေးအတော်စူးသည်။

" ဘာ "

သားကြီးစီးဖို့အတွက်ဆိုပြီး နောက်ဆုံးပေါ်ကားတစီးဝယ်ပေးထားတာကိုမှ မထောက်။ ဆိုင်ကယ်ဝယ်ပေးဆိုတဲ့ သားအား မယုံနိုင်စွာကြည့်သည်။

TOUCH (Zhanyi)Where stories live. Discover now