Ep - 3

5.7K 531 42
                                    

(Unicode)

ဒီနေ့က ရိပေါ်တရားဝင်လူပျိုပေါက်စ ဖြစ်တဲ့နေ့ဖြစ်သည်။ ထူးဆန်းစွာပဲ လူပျိုဖြစ်တဲ့အမှတ်အသား အရည်တွေမှာ သွေးစအနည်းငယ်ပါလာသည်။

ပါပါးသာရှိရင် ရိပေါ် လူပျိုပေါက်စဖြစ်ပြီဆိုတဲ့ အကြောင်းကို ဖွင့်ပြောလို့ တိုင်ပင်ချင်သည်။ ယောကျ်ားလေး ကိစ္စက ယောကျာ်းလေးချင်းပဲ တိုင်ပင်လို့ကောင်းသည်။

ဘောင်းဘီထဲမှာ သွေးစတွေ့ရတဲ့ကိစ္စနဲ့ ပက်သက်ပြီး ရိပေါ်မလုံမလဲဖြစ်မိသည်။ တော်ကြာ ကာလသားရောဂါတစ်ခုခုဆို ဘယ်လိုလုပ်ရမလဲ ရိပေါ််တွေးတတ် ။ ဆေးခန်းပြရအောင် ပြသနာကြီးလည်း မဟုတ်တာမို့ လျစ်လျူရှူထားလိုက်သည်။

သို့ပေမယ့်လည်း ကြောက်တော့ကြောက်သည်။ လူကမှ သေချင်နေပါတယ်ဆိုမှ ရောဂါရလို့ တကယ်ကြီးသေသွားရင်ဘယ်လိုလုပ်မလဲဆိုပြီးတော့ ရင်ကတထိတ်ထိတ်။

" ဟာကွာ ! မသိတော့ဘူး ကျောင်းက ကောင်တွေကို မေးကြည့်ရတော့မှာပဲ "

ဆံပင်တွေကို လက်နဲ့ ဆွဲဖွလို့ ခေါင်းအုံးထဲမျက်နှာနှစ်ပစ်လိုက်သည်။

ရိပေါ်လူပျိုဖြစ်တာ ဟယ်ယိတို့ထက်စာရင် နောက်ကျသည်။ ရိပေါ်က သူတို့ အဖွဲ့ထဲမှာဆို အသေးဆုံးနဲ့ အရပ်အပုဆုံးဖြစ်ပေမယ့် အကြမ်းဆုံးနဲ့ အရိုင်းဆုံးဖြစ်သည်။

အဆဲကြမ်းသည့်ရိပေါ်ကို အလယ်တန်းဒုတိယနှစ်အကုန်လုံးက အရိုင်းတုံးလို့ခေါ်ကြသည်။ အဆဲမင်းသားလေးတို့ အကြွေးရှင်တို့က ရိပေါ်ရဲ့ နာမည်ပြောင်တွေ။

ရိပေါ် ချုံချင်းမှာ သူငယ်ချင်းအသစ်တွေအများကြီးရပြီ။ အရင်းနှီးဆုံးသူငယ်ချင်းလေးယောက်ရှိပြီး ငါးယောက်အဖွဲ့ဖြစ်သည်။အလယ်တန်းပထမနှစ် အေခန်းမှစလို့ ဂျီခန်းထိ ရိပေါ်တို့ အဖွဲ့က နာမည်ကြီး။ 

စာကျက်ရမှာပျင်းတဲ့ရိပေါ်က အေခန်းမှာ အညံ့ဆုံးကျောင်းသားဖြစ်သည်။

စော်ကြည်ပြီး စာမကြည်တဲ့အမျိူးအစားထဲမှာ ရိပေါ်က ထိပ်ဆုံးကပါသည်။

" ဟို မောင်လေး ဒါက မောင်လေးအတွက် ချောကလက် ။ အစ်မကိုယ်တိုင် လုပ်ထားတဲ့ ကွတ်ကီးတွေလည်းပါတယ် ။ အဲတာယူထားလိုက်နော် "

TOUCH (Zhanyi)Where stories live. Discover now