Ep - 26 (THE END)

7.2K 425 193
                                    

(Unicode)

ကိုယ်ဝန်က ကိုးလကျော်လို့ ဆယ်လထဲရောက်လာပြီဖြစ်သည်။

ခြောက်လကျော်ကတည်းက ရိပေါ်က အရင်လိုမဟုတ်တော့ပဲ အမူအရာတွေစပြောင်းလာ၏ ။ စာအုပ်ဆို ယောင်လို့တောင် မထိတတ်တဲ့ကောင်လေးက စာတွေဖတ်လာသည် ။ ဗဟုသုတတွေဖတ်ပြီး ဗိုက်ထဲက ကလေးလေးတွေနဲ့ တစ်ယောက်တည်း စကားပြောနေတတ်၏။

ဗိုက်ထဲက ကလေးလေးတွေ အဆင်ပြေပြေထွက်လာဖို့ဆိုပြီး အာဟာရမျှတတဲ့အစားအစာတွေကိုပဲစားသည် ။

အခန်းထဲမှာဆို ချစ်စရာကောင်းတဲ့ကလေးလေးတွေရဲ့ပုံတွေကအပြည့်။ ထိုပုံလေးတွေကိုကြည့်ပြီး ဗိုက်ထဲက ကလေးလေးတွေလည်း ဒါမျိုးချစ်ဖို့ကောင်းတာလေးတွေ ထွက်လာနော်ဆိုပြီး ပြောတတ်၏။

ဗိုက်လုံးလေးနဲ့ ဆယ့်က်ိုးနှစ်အရွယ် အဖေပေါက်စလေးက တကယ့် ချစ်မဝလေးပင် ။

ကလေးလေးတွေအသားအရေလှအောင်ဆိုပြီးရိပေါ်မှာနေ့တိုင်း နွားနို့သောက်ရတာအမောပင် ။

ကလေးလေးတွေနာမည်ကိုတော့ ခုထိမပေးရသေးပေ။ အယူကြီးတဲ့ ရှောင်းကျန့်ရဲ့အဖေနဲ့ အမေက သူတို့မြေးလေးတွေ လူ့လောကထဲရောက်လာတော့မှ မွေးတဲ့ ရက်ကိုကြည့်ပြီး နတ်ဆရာဆီသွားမေးပြီးမှ ပေးမည်တဲ့ ။

ရှောင်းကျန့်နဲ့ ရိပေါ်က pregnancy class လည်းတက်လိုက်ကြသေးသည် ။

due date ကိုတော့ ရက်ရွေးပြီး မတ်လ ၂၀ ဟုသတ်မှတ်ထားလိုက်ကြ၏ ။ မွေးရက်နီးလာတာနဲ့အမျှ အနေရပိုခက်လာသည် ။ ထိုင်ရထရ ခက်နေ၍ ရေချိုးရင်တောင် ရှောင်းကျန့်က ချိုးပေးနေရသည် ။

အသွားအလာလည်း တော်တော်ဂရုစ်ိုက်နေရသည် ။ အိမ်ပေါ်ကနေ အိမ်အောက်ဆင်းရင်တောင် လှေကားထစ်တွေကို တစ်လှမ်းချင်းဆင်းရ၏ ။

ယောက္ခမကြီးကလည်း ရိပေါ်အားရှိအောင်ဆ်ိုပြီး တိုင်းရင်းဆေးတွေကို ရှယ်တိုက်၏။ ဆေးသောက်ရမှာကြောက်တဲ့ ရိပေါ်မှာလည်း ယောက္ခမကြီးက တိုက်တဲ့ဆေးဆိုတော့လည်း ကြိတ်မှိတ်လို့မြိုချရပြန်သည် ။

ယောက္ခမကြီးပေးထားတဲ့ အဆောင်လက်ဖွဲ့ အနီကြိုးလေးကိုလည်းလက်မှာပတ်ထားရသေးသည် ။ တကယ်တမ်း မွေးရက်ရွေးသည်မှာလည်း ရှောင်းကျန့်နဲ့ ရိပေါ်က တိုင်ပင်လို့ရွေးတာမဟုတ်ပဲ ရှောင်းမာမားက ဗေဒင်ဆရာကိုမေးလို့ အကောင်းဆုံးဆိုတဲ့ ရက်ကိုကြိုရွေးထားတာဖြစ်သည် ။ ဆရာဝန်ကလည်း ထိုရက်မှာ အဆင်ပြေသည်ပြောတာကြောင့် အကုန်လုံးလည်း လက်ခံလိုက်ကြ၏။

TOUCH (Zhanyi)Where stories live. Discover now