Ep - 17

4.5K 425 106
                                    

(Unicode)

" ကျွန်တော် ချုံချင်းကို ပြန်ရောက်ပြီ "

ညကမှ မက်ဆေ့ပို့လိုက်ကာရှိသေး မနက်ရောက်တော့ ရှောင်းကျန့်က ရိပေါ်တ်ို့အိမ်ကိုရောက်ချလာလေသည်။

အိမ်ရှေ့ရောက်နေကြောင်းပြောမလို့ဖုန်းဆက်တော့ ရိပေါ်ကဖုန်းမကိုင်။ အိမ်ထဲကိုဝင်သွားဖို့ရာကျလည်းချိတုံချတုံဖြစ်နေလေသည်။

ကံကောင်းတယ်လို့ပဲပြောရမလား ရိပေါ်တို့အိမ်ရဲ့ခြံစောင့်ဦးလေးကြီးက ရှောင်းကျန့်ကို မှတ်မိတယ်ထင်သည်။

"အိမ်ထဲကိုဝင်မလား ဆရာ" ဆိုပြီးလာမေးလေသည်။

အိမ်ထဲရောက်တော့ အဖွားတစ်ယောက်နဲ့တွေ့လေသည်။ ရိပေါ်နဲ့ ရုပ်နည်းနည်းဆင်တဲ့ကလေးလေးတစ်ယောက်လည်းရှိ၏။

" ဧည့်သည်လာပါတယ် အဖွား "

ခြံစောင့်ဦးလေးကြီးက အသံပေးလိုက်မှ အဖွားက နောက်ကိုလှည့်ကြည့်လာ၏။

" သြော် အေး .... ဘယ်သူများလဲ "

" မင်္ဂလာပါ အဖွား ကျွန်တော်က ရှောင်းကျန့်ပါ "

" ထိုင်ဦးလေကွယ် ။ ဘယ်သူနဲ့တွေ့ချင်လို့များ "

" ရိပေါ်ပါ "

" အဲ့ဒီကလေးက ခုထိအိပ်ယာမထသေးဘူး။ ဖွားဖွားသွားနှိုးပေးမယ်နော် ခဏစောင့် "

မနက်ဆယ်နာရီထိုးခါနီးတောင် အိပ်ယာမထသေးတဲ့ရိပေါ်က ဘယ်လောက်တောင် အိပ်ရေးပုပ်လည်းလို့တွေးမိရင်းပြုံးပြန်သည်။  ဒါမှမဟုတ်ညကပဲ မအိပ်လို့များလားလို့ တွေးမိလိုက်ပြန်တော့ အလိုမကျသလိုဖြစ်သွားရပြန်သည်။

အဖွားကတော့ ရိပေါ်ကို နှိုးဖို့ဆိုပြီး အိမ်ပေါ်ကိုတက်သွားမလို့လုပ်၏။

" အဖွား တက်ရဆင်းရမှာ မလွယ်ရင် ကျွန်တော်ပဲသွားနှိုးလိုက်ပါ့မယ်။ အခန်းက ဘယ်နားပဲဆိုတာပဲပြောပြပါခင်ဗျ "

" လှေကားကနေတက်သွားရင် ဘယ်ဘက်အခြမ်းက နှစ်ခန်းမြောက် "

" ဟုတ်ကဲ့ ဒါဆို ကျွန်တော်ပဲ နှိုးလိုက်ပါ့မယ် "

အဖွားပြောသည့်အတိုင်းလာခဲ့ပြီးနောက် ရိပေါ်ရဲ့အခန်းရှေ့ကိုရောက်လာသည်။တံခါး ဂျက်မချထားတာကြောင့် အလွယ်တကူဝင်လို့ရသွားသည်။

TOUCH (Zhanyi)Where stories live. Discover now