Ep - 12

4.6K 472 66
                                    

(Unicode)

မနက်ရောက်တော့ရှောင်းကျန့်က ယွီပင်းကိုခေါ်လိုက်သည်။

ရှောင်းကျန့်အနေနှင့် ညကအိပ်ရေးပျက်ထားတာတင်မက လွန်ခဲ့တဲ့ရက်တွေကလည်း လုံလုံလောက်လောက်မအိပ်ထားရတာမို့  ကောင်းကောင်းအနားယူဖို့လိုအပ်နေသည်။

"ငါအိမ်ပြန်ဦးမယ်။  ဂရုစိုက်ထားလိုက်ဦး ။  "

" ဟုတ်ကဲ့ "

" ညနေပြန်လာခဲ့မယ်။ ငါ့ကိုမေးရင်လအိမ်ပြန်သွားတယ်ပြောလိုက်။ မနေ့ညက ငါ့စကားနားမထောင်လို့ ငါက စိတ်ဆိုးသွားသလိုပုံစံနဲ့လေ။ ဒီလောက်တော့ ပြောတတ်တယ်မလား။ "

ယွီပင်းက ခေါင်းသာငြိမ့်နေရသည်။ ခဏနေရင် ဆရာ့အတွက် သရုပ်ဆောင်ရဦးမည်ပေါ့လေ။

ဆရာက သူအိပ်ချင်လို့ အိမ်ပြန်တဲ့ဟာကို စိတ်ဆိုးလို့ပြန်သွားတယ်ဆိုပြီး နေမကောင်းတဲ့ကလေးသွားပြီး လိမ်ရဦးမည်။

ယွီပင်းရဲ့ ဝဋ်ကြွေးလည်းမသေးပါလား။

"နိုးလာရင် ဆန်ပြုတ်ပဲတိုက်။ စားချင်တာတွေဘာမှလျှောက်မကျွေးနဲ့နော် .."

" ဟုတ် "

" မဟုတ်သေးဘူး။ လောလောဆယ်  စားလို့မရတာတွေတောင်းသေးရင် သေချင်ရင်စားလို့ပြောလိုက် ။ ငါသွားတော့မယ် "

"ဟုတ်ကဲ့ ဆရာ "

ရှောင်းကျန့်မှာ ကားသော့ကိုကောက်ပြီး အိမ်ပြန်သွားတော့ ယွီပင်းမှာ ဖင်ကုတ်ခေါင်းကုတ်နဲ့ကျန်ခဲ့ရသည်။

ဆရာ့စကားတောင်နားမထောင်ပါဘူးဆို ဒီကလေးက သူ့စကားဆို ဘယ်လိုနားထောင်မည်လဲ။

.......

" အဟမ်း ..... နိုးပြီလား ဝမ်ရိပေါ် "

ရိပေါ်နိုးလာတော့ ကြားလိုက်ရသည့်အသံမှာ ဆရာ့အသံမဟုတ်မှန်းတန်းသိလိုက်၏။

ဆရာ့အသံက ဒီလို ကြမ်းကြမ်းတမ်းတမ်းကြီးမဟုတ်ပေ ချိုသာ၏။

" သြော် ဟိုအစ်ကိုကြီးပဲ "

" ထထိုင်မလား ... နေဦး အစ်ကို ထူပေးမယ်နော် "

ယွီပင်းက ရိပေါ်ကို ထူသာပေးလိူက်သည်။ ရှောင်းကျန့်လိုမျိုး ကျောနောက်မှာ ခေါင်းအုံမ‌ခံ ပေးပေ။ ဒါကြောင့် အလိုလို မျက်မှောင်ကြုံ့မိလိုက်၏။

TOUCH (Zhanyi)Donde viven las historias. Descúbrelo ahora