Ep - 4

5.3K 517 50
                                    

(Unicode)

ထိုကိစ္စများဖြစ်ပြီးတစ်ပတ်အကြာ။

ခုတလောမှာ ရိပေါ်က ကျောင်းကပြန်လာတိုင်း  မြစ်ကမ်းနံဘေးမှာ ဆိုင်ကယ်ပတ်မောင်းလေ့ရှိသည်။

ဆိုင်ကယ်ပတ်မောင်းလို့ အားရတာနဲ့ ဆိုင်ကယ်ကို ဒေါက်ထောက်လို့ မြက်ခင်းပေါ်မှာထိုင်ပြီး ဘေးပတ်ဝန်းကျင်ကို အမြဲငေးမောလေ့ရှိသည်။

တခြားကလေးတွေလိုမျိုး ဂိမ်းဆော့ပြီးအချိန်ဖြုန်းရတာလည်း ဝါသနာမပါတော့ ဆိုင်ကယ်စီးရင်းသာ စိတ်ကူးပေါက်ရာလေ့လွင့်နေမိတာများသည်။

အချိန်မှန်ပြန်လာတတ်တဲ့ရိပေါ်ကြောင့် အိမ်ကတော့ ဘာမှတော့ စိတ်မပူ။

ထိုအချိန်တွင်ပဲ ဖုန်းဝင်လာသည်။ contact name က mama ။

" အင်း မာမား "

" သား ။ ကြီးကြီး အကောင့်ထဲကို မုန့်ဖိုးထပ်လွှဲထားတယ်နော် ... "

" အင်း ... "

"နေကောင်းရဲ့လားသား "

" အင်း .. မာမားရော "

"အင်း ... ဒါနဲ့ သား ညီမလေး ရတော့မယ် "

ကျစ် * ဟိုကောင်နဲ့ရတဲ့ကလေးက မွေးတော့မယ့်သဘောပေါ့။

" ဖုန်းချလိုက်တော့မယ် "

ရိပေါ်ဘာမှဆက်မပြောချင်တော့တာမို့ ဖုန်းချဖို့ပဲ လုပ်သည်။

" မာမားကသားကိုချစ်တယ်နော် "

ရိပေါ်လည်း ဘာမှပြောမနေတော့ပဲ ဖုန်းကို တိခနဲချပစ်လိုက်သည်။ အပိုတွေ သားကိုချစ်တယ်နော်ဆိုပြီး နောက်တစ်ယောက်ကျ ထပ်မွေးမတဲ့။ အဟား ! မာမားက ရယ်ရသည်။

ဖုန်းဆက်တိုင်းလည်း ပိုက်ဆံလွှဲလိုက််တယ်ဆိုတာချည်း။ ရိပေါ်လိုအပ်နေခဲ့တာက ပိုက်ဆံတွေမှမဟုတ်ပဲ။

တကယ်လိုနေတာက မာမားရဲ့ ထွေးပွေ့မှုတွေ။ ခုတော့ မဖြစ်နိုင်တာတွေ မတောင့်တချင်ပါ။ ပိုက်ဆံပဲပေးတော့လည်း ပိုက်ဆံပဲယူရသည်ပေါ့။ ပေးလိုက်တာနဲ့ တန်အောင်သုံးရဖြုန်းရမည်က ကိုယ့်အလုပ်ပဲဆိုတော့။

စိတ်ညစ်ညစ်နဲ့ အဝေးတစ်နေရာကိုလှမ်းကြည့်မိတော့ မြက်ခင်းပေါ်မှာ ဆော့ကစားလို့ပျော်မြူးနေတဲ့ မိသားစုလေးယောက်။

TOUCH (Zhanyi)Where stories live. Discover now