Part-1🦋

11.8K 476 74
                                    

Unicode Ver:

ရာသီဥတုက အုံ့အံ့ဆိုင်းဆိုင်းလေးနှင့်နေလို့ကောင်းလှသည်။ညတုန်းက မိုးရွာထားလို့ထင်ပါသည်။မြေသင်းနံ့လေးကမွှေးလို့။တခြားသူတော့မသိ။ထယ်ယောင်းတို့ကတော့ အရောင်မှိုင်းမှိုင်းတွေ၊တော်ရုံသူ မကြိုက်တတ်တဲ့အနံ့တွေဆို သိပ်ကြိုက်တာ။လူတော်တော်များများ သဘောကျတဲ့ ပိုက်ဆံကိုလည်းသူမကြိုက်။ငယ်ငယ်တည်းက ဘဝကို ရိုးရိုးရှင်းရှင်းဖြတ်သန်းချင်သည်က သူ့အိပ်မက်။

လူရှင်းတဲ့ရပ်ကွက်လေးမှာ သူမြတ်နိုးတဲ့ စာအုပ်တွေရယ်၊ခွေးကလေးရယ်၊ပြီးတော့ တစ်ချိန်ချိန်မှာ ပေါ်ထွက်လာမဲ့ သူ့ရဲ့အချစ်စစ်ရယ်။ဘဝကို အေးအေးဆေးဆေးပင်ဖြတ်သန်းချင်တာမို့ သူ့အဖေနဲ့ဆို တစ်စက်မှ မတည့်။အမေက ငယ်ငယ်ထဲက ဆုံးသွားခဲ့ပြီး အဖေနှင့် အကိုနှစ်ယောက်ကသာ သူ့အတွက် ရှိနေပေးခဲ့ကြသည်။အကိုကြီးတို့က သူ့ရဲ့ နေထိုင်မှုလေးကို သဘောကျပေမဲ့ အဖေက လုံးဝမကြိုက်။

သူ့ဘဝကို အရမ်းချုပ်ချယ်လွန်းသည်။ဒီပိုက်ဆံတွေ၊ဂုဏ် ပကာသနတွေကို မလိုချင် မမက်မောပါဘူးဆိုနေမှလေ။နောက်ဆုံး ဘယ်လိုမှ မနေနိုင်တော့သည့်အချိန် အိမ်ပေါ်ကနေ ဆင်းလာခဲ့ပြီး ရပ်ကွက်လေးတစ်ခုမှာ တိုက်ခန်းလေးငှားနေတော့သည်။

အကိုတို့က တိုက်ခန်းခ၊စားစရိတ်တွေ ထုတ်ပေးပေမဲ့ သူကိုယ်တိုင် ကြိုးစားတဲ့ငွေ မဟုတ်လို့ လက်မခံနိုင်၊အချိန်ပိုင်း အလုပ်ကလေးတွေလုပ်ရင်း သူ့အိပ်မက်ဖြစ်တဲ့ဓာတ်ပုံဆရာ တဖြစ်လဲ ကြိုးစားရုန်းကန်နေသည်ပင်။ဘယ်သူမှ မသိတဲ့ Victory ဆိုတဲ့ Instagram accountလေး။followers သန်းချီနေပေမဲ့ သူလို့ဘယ်သူမှ မသိ။ရိုက်ချက်ကောင်းလှတဲ့ ဓာတ်ပုံများသာ နေရာယူ၍ထားသည်။တစ်ခါတလေ စိတ်ကူးပေါက်တုန်းဆွဲထားတဲ့ ပန်းချီလေးတွေလည်းပါတာပေါ့။

ပွဲစီစဉ်သူ၊ပန်းချီပြခန်းတော်တော်များများက သူ့အားကမ်လှမ်းပေမဲ့ မျက်နှာမပြချင်တဲ့ သူ့အဖို့ ငြင်းဆန်မြဲငြင်းဆန်ဆဲ။ဘယ်သူမှမသိတဲ့သူအဖြစ် အေးအေးချမ်းချမ်းပဲနေချင်သည်။သူဘယ်သူမှန်းသိလျှင် ဒီလို လွတ်လပ်တော့မည်မဟုတ်။ပါပါရာဇီတွေက နောက်ယောင်ခံလိုက်နေသလိုဖြစ်မှာကိုတွေးပြီး ကြက်သီးထသည်။

Truth?(Completed)Where stories live. Discover now