Part-16🦋

1.7K 144 6
                                    

Unicode Ver:

Jk-ငယ်လေး ဘာလို့တိတ်သွားတာလဲ၊အကိုပြောတာ အမှားပါသွားလား။

အမှားမပါ ပါဘူးအကိုရယ်၊အကိုနားမလည်ဘဲ ပြောလိုက်တဲ့စကားတောင်မှ ငယ့်ရင်ထဲမှာ အမှန်ဖြစ်နေသလိုပြောင်းဆန်နေတာ။ချစ်လိုက်တာ အကို၊ခက်ထန်ပေမဲ့ ဖြူစင်လွန်းတဲ့အကို။

Tae-မဟုတ်ပါဘူး။

Jk-လေယာဉ်လက်မှတ်ဖြတ်ပြီးပြီလား ငယ်။

Tae-ခုနကမှ သွားမယ်တွေးမိတာလေ၊ဘယ်လို ဖြတ်ရအုံးမှာလဲ။

Jk-ဒါဆို အကို ကိုယ်စားဖြတ်ပေးထားမယ်။

ငယ်လေးပြန်အပြောကိုတောင် မစောင့် ဖုန်းချပစ်လိုက်သည်။ဘာလို့ဆို ငယ်လေးက လက်ခံမှာ မဟုတ်ဘူး၊သူကသိပ်အားနာတတ်တာ။

လက်မှတ်ဖြတ်ပေးရခြင်းရဲ့အဓိက အကြောင်းအရင်းကတော့ ထယ်ယောင်းကိုလိုက်စောင့်ရှောက်ဖို့ တပည့်ငါးယောက်ခန့် ထည့်ပေးလိုက်ရန်ဖြစ်သောကြောင့်။

လေယာဉ်လက်မှတ်အရောင်းစင်တာကိုဖုန်းဆက်ကာ ထယ်ယောင်းအတွက်တစ်ခုံ၊သူ့ပတ်ပတ်လည်မှာ လေးခုံယူလိုက်သည်။သူချစ်ရတဲ့ကောင်လေးကို ဆံချည်မျှင်တောင် အထိခိုက်မခံနိုင်ပါ။

လက်မှတ်မှာတော့လည်း အသံကိုခပ်အုပ်အုပ်လုပ်၍ပြောရသေးသည်။မတော်လို့ သူ့ညီကပြန်ရောက်နေရင် ကြားသွားမှာစိုးသဖြင့်။အားလုံးလုပ်ပြီးပြီဆိုတော့မှ ထယ်ယောင်းဆီ ဖုန်းပြန်ဆက်လိုက်သည်။

တစ်ဖက်က ထယ်ယောင်းမှာလည်း ဘာမပြောညာမပြော ဖြတ်ပေးမယ်ပြောပြီး ဖုန်းချသွားတဲ့လူကြီးကိုအားနာနေမိသည်။

ငါသွားမဲ့ခရီးကို အကိုကစီစဉ်ပေးရတယ်၊အကို့ကိုလောဘတက်လာရင် ဘယ်လိုလုပ်မလဲ။ဒီလောက်ဂရုစိုက်ပေးချစ်ပေးနေတာတွေက ကျွန်တော့်ခံစားချက်နဲ့ထပ်တူမကျခဲ့ရင် ခံနိုင်ရည်ရှိမယ် မထင်ဘူး။တွေးနေတုန်း ရှိသေး ပြန်ဝင်လာသောဖုန်းကြောင့် မြန်မြန်ကိုင်လိုက်ပြီး...

Tae-အကို။

Jk-ငယ် လက်မှတ်ဖြတ်ပြီးပြီ၊*** flight,no B1 အဆင်ပြေတယ်မလား၊နောက်အရမ်းမရောက်ဘူးနော်။

Truth?(Completed)Where stories live. Discover now