Part-8🦋

2.1K 187 13
                                    

Unicode Ver:

Tae-ဘာတွေ လက်လွန်ကုန်လို့လဲ။

"အော် မနေ့က ဟင်းချက်ရင်း ကြက်သွန်တွေ အများကြီးခွာမိလို့ အဟင်း။"

အမလေး ယူရီနာရေ!နင်ကတော့ ကျားဖင်ပြေးနှိုက်မိပြီထင်တယ်။

ထယ်ယောင်းမှာတော့ အူကြောင်ကြောင်လေးနှင့်သာ။

Jk-ကဲကဲ ယူရီနာ၊ထယ်‌ငယ့်ကို အဲ ထယ်ယောင်းကို နင့်လက်ထောက်အဖြစ်ထားပြီး လိုအပ်တာတွေ သင်ပေးလိုက်ပါ၊သွားလို့ရပြီ။

"ဟုတ်ကဲ့ ဟိဟိ။"

ထယ်ယောင်းကတော့လရှေ့ကနေ ကော့ကော့ ကော့ကော့နဲ့ ထွက်သွားချေပြီ။သွားတာသေချာတော့မှ ယူရီနာအား လက်တို့ကာ ခေါ်လိုက်ပြီး...

Jk-ငယ့်ကို အရမ်း မပင်ပန်းစေနဲ့နော်၊ဖြစ်နိုင်ရင် ဘာမှ မခိုင်းနဲ့။ငါမလုပ်ခိုင်းတာလို့လည်း မပြောနဲ့အုံး။

"သိပါတယ် သူဌေးရဲ့၊ယူရီနာ့တာဝန်ထား
ခိခိ။"

အမယ် တခိခိနဲ့ အတွင်းတက် တက်နေတာ သူမှသူအစစ် ထယ်ငယ်ရေ။

ဒီနေ့တော့ လုပ်စရာတွေ အကြွေးပုံနေတာမို့ အလုပ်ပုံထဲ ခေါင်းစိုက်နေမိသည်။ရှုပ်ယှက်ခတ်နေတဲ့ စာရင်းတွေကြောင့် သက်ပြင်းချနေတုန်း အပြင်ကနေ အော်သံကြားလိုက်ရတာကြောင့် အသည်းအသန် ပြေးကြည့်လိုက်တော့ ယူရီနာနဲ့ ဌာနတစ်ခုက အဖွဲ့မှူးနဲ့ ဆံပင်ဆွဲကာ ရန်ဖြစ်နေကြခြင်းဖြစ်သည်။ဘေးနားက ထယ်ယောင်းကတော့ ကော်ဖီခွက်လေးကိုင်ကာ အူကြောင်ကြောင်နှင့်။

"ကောင်မ ငါ့ကိုလွှတ်နော်၊သူဌေးနဲ့ တိုင်ပြောပစ်မယ်။"

"နင့်ဘာသာလုပ်ချင်တာလုပ်၊သူဌေးက နင့်ကို ခွင့်လွှတ်မယ်ထင်လို့လား ဟမ်။"

ဘေးကလူတွေကလည်းမတား၊မုန့်စားရင်းနဲ့တောင် ထိုင်ကြည့်နေကြသေးသည်။ဟူး ဒီဟာတွေနဲ့တော့ ငါပဲဝင်ဆွဲရတော့မှာပါလား။‌

Jk-ရပ်စမ်း၊အဲ့တာ ဘာဖြစ်နေကြတာလဲ၊ဘာဖြစ်နေကြတာလဲ။

Tae-ရန်ဖြစ်နေကြတာလေ။

ထယ်ယောင်းပြောလိုက်တဲ့စကားကြောင့် ဘာပြန်ပြောရမှန်းမသိတော့၊တစ်ရုံးလုံးက လူတွေကို ခွက်ထိုးခွက်လန်ရယ်ကြပြီ။ခုနက ဆံပင်ဆွဲနေတဲ့ နှစ်ယောက်ကလည်း တစ်ယောက်နဲ့တစ်ယောက် ရိုက်ကာ ရယ်နေကြသည်။တခြားသူသာဆို  ရွဲ့တာလားဆိုပြီး တန်းအလုပ်ထုတ်မိမှာပေမဲ့ သူ့ကလေးဖြစ်နေတော့လဲ။

Truth?(Completed)Where stories live. Discover now