Part-17🦋

1.6K 148 6
                                    

Unicode Ver:

ဆယ့်ငါးမိနစ်ခန့်ကြာတော့ အိမ်ရှေ့ကနေ တီတီ ဆိုတဲ့ အသံကိုကြားလိုက်ရသည်။အပေါ်ထပ်က ကုတ်အင်္ကျီကို အပြေးအလွှားသွားယူရင်း ပါးစပ်မှလည်း...

Tae-ကိုကြီးတို့ရေ လာပြီ၊ခနလေး။

ကားပေါ်က အကိုတွေကတော့ ရယ်လျက်သာ။ထယ်ယောင်းဘဝမှာ တန်ဖိုးအထားရဆုံးလူသားတွေဖြစ်သည်။အသက်သိပ်မကွာလှပေမဲ့ ကိုကြီးတို့နှစ်ယောက်က ရင့်ကျက်လွန်းလှသည်။Namjoon hyung ကတော့ ငယ်ငယ်ထဲက စာလည်းတော်၊ဉာဏ်လည်းကောင်း၊စီးပွားရေးဘက်ကိုလည်း ဝါသနာပါသဖြင့် အဖေနဲ့တော်တော်အဆင်ပြေသည်။

အခုဆို အဖေ့ကုမ္ပဏီတွေအားလုံးကို လက်လွှဲယူပြီး တစ်စိုက်မတ်မတ် ဦးစီးလုပ်ဆောင်လျက်။အဖေ့ရဲ့မျက်နှာသာပေးမှုကို ခံရသော်လည်း တခြားအကိုတွေလို ညီတွေ အပေါ် အနိုင်မကျင့်တတ်၊‌နွေးနွေးထွေးထွေးရှိလှသည်။အငယ်နှစ်ယောက်အား အရိပ်တကြည့်ကြည့် ကြည့်နေတတ်ပြီး တစ်ခုခုလိုတာနဲ့ တန်းပြီး ကူညီနေကြ။နှစ်နှစ်ခန့်သာ ကြီးသော အကိုက လုံးဝလူကြီးတစ်ယောက်လို။

Seokjin hyung ကတော့ ထယ်ယောင်းလိုပင် ကိုယ်ဝါသနာပါတာလေးကိုလုပ်နေရင်း အေးအေးချမ်းချမ်းနေချင်သူဖြစ်သည်။ငယ်စဉ်တည်းက ဟင်းချက်တာကိုသာ ဝါသနာပါတာကြောင့် အားတဲ့အချိန်တိုင်း ချက်ကျွေးလေ့ရှိသည်။ဒါတွေကို ရှေးရိုးစွဲဆန်တဲ့ အစွန်းရောက် အဖေက သဘောမကျ။ယောက်ကျားလေးဖြစ်ပြီး ဟင်းချက်စရာလား၊မင်းအစား ငါရှက်တယ် စသဖြင့် ဆိုးဆိုးဝါးဝါးပြောလေ့ရှိသည်။

စိတ်ရဲ့ကျဉ်းကျပ်မှုကို မခံနိုင်တဲ့ ကိုကြီးက ထယ်ယောင်းလိုပင် အိမ်ပေါ်မှ ဆင်းလာခဲ့ပြီး တဖြည်းဖြည်း ကြိုးစားရာမှ အခုဆို မသိသူမရှိတဲ့ ကမ္ဘာကျော် စားဖိုမှူးတစ်ယောက်။အဖေက အနည်းငယ် လက်ခံလာပြီဖြစ်သော်လည်း အိမ်ပေါ်သို့ပြန်မတက်ဘဲ သက်သက်သာ နေသည်လေ။

နှစ်ယောက်တည်းသာရှိသော အကိုနှစ်ယောက်က သူ့ဝါသနာပါရာ လုပ်နေကြပြီ၊ထယ်ယောင်းတစ်ယောက်ပဲ ယောင်လည်လည်။လိုအပ်တဲ့ပိုက်ဆံစုပြီးရင်တော့ မြန်မြန် အေးချမ်းနိုင်မည်ထင်သည်။

Truth?(Completed)Where stories live. Discover now