Part-3🦋

3.1K 257 17
                                    

Unicode Ver:

Jungkook လည်း နေ့လည်ဘက် အစည်းအဝေး ရှိသဖြင့် ကောင်လေးနောက်သို့ ဆက်မလိုက်နိုင်တော့ဘဲ ပြန်လှည့်ရတော့မည်။နောက်နေ့တွေ ဆိုရင်တော့ ကလေးလေးတက်နေကျ ကားမှတ်တိုင်လေးမှာ သွားစောင့်နေရပေအုံးမည်။တစ်ဦးတည်းသော အတွင်းရေးမှူးမအား ဖုန်းဆက်ကာ စားသောက်ဆိုင်သို့လာခေါ်ခိုင်းရသည်။

အတွင်းရေးမှူးမ ယူရီနာ။ငယ်ပေမဲ့ တကယ့်ကို ဖျတ်ဖျတ်လတ်လတ်ရှိတဲ့ကောင်မလေးရယ်ပါ။အလုပ်ကိုလည်း အတိမ်းအစောင်း မရှိအောင် သူကိုယ်တိုင် သေချာကြီးကြပ်ပြီး စေ့စေ့စပ်စပ်လုပ်တတ်သေးသည်။သူနဲ့သာဆို အကုန်လုံးက လှည့်ကြည့်စရာမလို၊ဆယ်ရက်လောက် ရုံးမလာလိုက်ရင်တောင် စိုးရိမ်စရာဘာမှ မရှိသည်အထိ။

ဒါပေမဲ့ တစ်ခုတည်းသော အကျင့်ဆိုးကတော့ သူ့ကိုယောက်ကျားရစေချင်နေတာပင်။ဘယ့်နှယ် ကြားဖူးတာဆိုလို့ အတွင်းရေးမှူးက သူဌေးကိုကပ်တာပဲ ကြားဖူးတာ။ခုကျမှ သူ့ကိုအတင်းတွေ ယောက်ကျားပေးစားနေတာရော်။သူပြောနေကျ ရှိပါသေးတယ် ဘာတဲ့။
*သူဌေးလို ကျောက်ရုပ်ကြီးက ကောင်လေးတစ်ယောက်ဆီမှာ အကြိမ်ကြိမ်ကြွေဆင်းစေချင်တာ*တဲ့။
အဲ့တုန်းကတော့ ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့ တကယ့်ကိုဒေါသထွက်ခဲ့ရသောပါပဲ။ဒါပေမဲ့ အခုတော့ နင်ပြောတာ ရမ်းမှန်တယ် ယူရီနာရေ။

Jungkook အစည်းအဝေး တက်စရာရှိတာတက်ပြီး ရုံးခန်းထဲမှာ နားထင်ကို လက်ညိုးနဲ့လက်မဖိနှိပ်ကာ ထိုင်နေတုန်း....ဟော ရောက်လာပါပြီ စပ်စလူးစိန်မ လိမ်ဖယ်လိမ်ဖယ်နဲ့ စပ်စုဖို့ရန်။

"သူဌေး!"

အမလေး လော်စပီကာ တပ်အော်တဲ့ အသံနဲ့ နားနားကပ်ပြီး အော်ထည့်လိုက်သော သူပါပင်။

Jk-ပြော ဘာစပ်စုမလို့လဲ။

"ဟီး သူဌေးဘာလို့ မသွားဘူးတဲ့ ဆိုင်တွေရောက်နေတာလဲ။"

Jk-နင်ပြောတာမှန်နေပြီသိလား။ငါ ကောင်လေးတစ်ယောက်ကို ချစ်မိနေပြီထင်တယ်။

"အား အမလေး နားဝင်ချိုလိုက်တာ!ပြန်ပြောပါအုံး ဘယ်လို။"

Jk- ငါ ကောင်လေးတစ်ယောက်ကို ချစ်နေမိပြီထင်တယ်။

Truth?(Completed)Where stories live. Discover now