Part-6🦋

2.2K 204 10
                                    

Unicode Ver:

Tae-ဟုတ်ပါပြီ၊ဒါဆို အကို ဘာသောက်မလဲ။

Ik- Americano တစ်ခွက်ပဲပေးပါ။

Tae-ဟုတ် ခနလေးစောင့်ပေးပါဗျ။

ပြောပြီးတာနဲ့ လျစ်ခနဲ ပျောက်သွားတဲ့ကောင်လေး။ဒီကောင်လေးဟာလေ သိပ်ချစ်ဖို့ကောင်းတာပဲ။ခွင့်လွှတ်ပါ ကလေးရယ်၊မင်းက ကိုယ့်ပုံစံကို မကြိုက်ဘဲ ကိုကြီးကိုပဲ ကြိုက်တဲ့အတွက် ကိုယ်ကလည်း ဟန်ဆောင်ရမှာပဲ။တကယ်လို့ တစ်ချိန်ချိန်မှာ သိသွားခဲ့မယ်၊မင်းကိုယ့်ကို မုန်းမယ်ဆိုရင် မရရတဲ့နည်းနဲ့တော့ အပိုင်ယူရမှာပဲ ကောင်လေး။

ထယ်ယောင်းလည်း ကော်ဖီဖျော်ပေးနေရင်းနဲ့ တွေးနေမိသည်။အကိုက တခြားသူ တစ်ယောက်လို ဘာလို့ပြောင်းလဲသွားရတာလဲ၊ဒီလိုမှ မဟုတ်ရင် ဒါကမှ သူ့ရဲ့ပုံစံ အစစ်လား။ဒီလိုပုံစံမျိုးဆိုရင်တော့ ရှေ့လျှောက်အသိမိတ်ဆွေအနေနဲ့ရော၊အလုပ်ရှင် အနေနဲ့ရော မပက်သက်ချင်ပါ။ထယ်ယောင်းအမုန်းဆုံးက ဒီပုံစံဆိုတာပဲ။မနက်ဖြန် သွားကြည့်ရင်း အတည်ပြုကြည့်ရမယ်။

Tae-ကော်ဖီရပါပြီ၊အာ ဒါနဲ့ အကိုက ဒီလိုမျိုးပဲ အမြဲဝတ်နေကျလား။

Ik-ဝတ်ဖြစ်တာ များတယ်၊ဘာလို့လဲ။

Tae-မေးကြည့်တာ၊ကျွန်တော် အလုပ်လုပ်အုံးမှာမို့ အေးအေးဆေးဆေး သုံးဆောင်ပါခဗျ။

Ik-ကိုယ်ပြန်ရင် လိုက်ပို့မယ်။

Tae-မလိုပါဘူး၊ရပါတယ်၊ဒါဆို ခွင့်ပြုပါဦး။

ယတိပြတ်သာ ငြင်း၍ ထွက်လာခဲ့လိုက်သည်။စကားပြောတာကလည်း နိုင်ထက်စီးနင်းဆန်လိုက်တာ၊ယဉ်ကျေးမှုတောင် မရှိဘဲ လုပ်ငန်းကြီးတစ်ခုကို ဘယ်လိုများ ဦးစီးနေပါလိမ့်။

ထိုနေ့ကတော့ အလုပ်ကိုခပ်သွက်သွက်လုပ်ကာ မမှောင်ခင် အိမ်ပြန်လာခဲ့လိုက်သည်။သို့သော် သူ့နောက်က တောက်လျှောက်လိုက်နေတဲ့သူရှိတယ်ဆိုတာကိုတော့ မသိနိုင်ခဲ့။

Ik-အိုး မင်းအိမ်က ဒီမှာလား၊ကိုယ့်ကိုကြောက်နေတာပဲ၊ကိုယ်ကလည်း နည်းနည်းလေး ကစားပေးရမှာပေါ့ ဟက်။

Inkook ဆိုသည်မှာ ဤသို့သောသူ။သူ့ကို လူတစ်ယောက်က တွန်းဖယ်သလိုလုပ်ပြီ ဆိုတာနဲ့ ရေအဆုံးမြေအဆုံး လိုက်ပြီး ချောက်ချားအောင် လုပ်တဲ့သူမျိုးပေါ့။ချစ်တော့ချစ်တာပေမဲ့ ဒီဟာကတော့ မဆိုင်ဘူး ဆိုတာမျိုးလေ။

Truth?(Completed)Where stories live. Discover now