Part-15🦋

1.8K 153 16
                                    

Unicode Ver:

Jungkook လည်း ထယ်ယောင်းကိုပြန်လိုက်ပို့ရင်း အိမ်သို့ပြန်လာခဲ့သည်။ယူရီနာကတော့ အစောထဲကပင် အလိုက်သိစွာ ရှောင်ပေးခဲ့ပေမဲ့ ငယ်လေးကပင်ပန်းသည်ဟုဆိုကာ အိမ်ပဲပြန်လိုက်ပို့ခိုင်းခဲ့ခြင်း။

Jeon Inkook တစ်ယောက် အတော်ပေါက်ကွဲနေပြီ။တွေ့ချင်ဇောနဲ့လာခဲ့ပေမဲ့ သူအပေါ်ထပ်ရောက်သွားချိန်မှာ ထယ်ယောင်းက မရှိတော့။ဝန်ထမ်းတွေအား သတ်မယ်ဖြတ်မယ် တကဲကဲ ခြိမ်းခြောက်ပြီးမေးမှ
ကိုကြီးဆီ လိုက်သွားတယ်တဲ့လား။

ဟက် ထယ်ယောင်း၊ငါကတော့ မင်းကို သဘောထားကြီးစွာ လွှတ်ပေးမှာ မဟုတ်ဘူး။ပေးဆပ်ခြင်းတွေစွန့်လွှတ်ခြင်းတွေကိုမုန်းတယ်။ငါဆိုတဲ့ကောင်က ငါကြိုက်တာ၊ငါ့အပိုင်လို့ သတ်မှတ်ထားပြီးရင် ရအောင်ယူရမှ ကျေနပ်တာမို့။

ကိုကြီး မင်းပြောတော့ အလုပ်ကြောင့်ပက်သက်ရတဲ့ဆက်ဆံရေးတဲ့။ငါလာပြီးတွေ့မှာသိလို့ ရှောင်ထုတ်ခိုင်းတာတော့ မဟုတ်ဘူးမလား။

တစ်ယောက်တည်းစကားတွေပြောနေတုန်း Jungkook က ပြန်ရောက်လာသဖြင့်၊ ကိုကြီးရေ မင်းနဲ့ငါ ရှင်းဖို့လိုပြီ။

Ik-ကိုကြီး!

Jk-ဘာလဲ။

Ik-ထယ်ယောင်းကို တမင်ပထုတ်တာမလား။မဟုတ်ဘူးလို့ မပြောနဲ့နော်၊အမှန်တိုင်းဖြေ။

Jk-ဟုတ်တယ်၊တမင်ခေါ်ထုတ်တာ။မင်းရဲ့ရမ်းကားနေတဲ့အပြုအမူက သူဘယ်လောက်လန့်သွားမလဲ မသိဘူးလား။တစ်သက်နဲ့တစ်ကိုယ် မျက်လုံးနဲ့စေ့စေ့ကြည့်တာတောင် မခံဖူးတဲ့ ကောင်လေးက မင်းကြောင့် အကြောက်လွန်သွားမှာကို ငါထိုင်ကြည့်နေရမှာလား။

Ik-ဟက် ကြည့်တာလေးတောင် မခံနိုင်ရင် အပိုင်သိမ်းတဲ့အခါကျ ဘယ်လိုလုပ်မလဲ။

ထိုစကားကိုကြားကြားချင်း Jungkook ဘာမှ မမြင်တော့။Inkook ကိုလှဲချ၍ အပေါ်က တက်ခွကာ မျက်နှာကို တရစပ်ထိုးနေမိသည်။မပြင်းလွန်း‌မလျော့လွန်းတဲ့ လက်သီးပေမဲ့ ယောက်ကျားတစ်ယောက်ရဲ့ အားဖြစ်တာမို့ ခံရသူမှာ မသက်သာလှ။စိတ်ကျေနပ်အောင်ထိုးပြီးတော့မှ ပြန်ပြီး မတ်တပ်ရပ်လိုက်ကာ...

Truth?(Completed)Where stories live. Discover now