Part-14🦋

1.8K 163 17
                                    

Unicode Ver:

Tae-မမရေ အကိုဘာဖြစ်သွားတာလဲဟင်။

ကန်တုန်းက ကန်လိုက်ပြီး ခုကျမှ မသိခြင်ထောင်ထောင်နေတဲ့ ထယ်ယောင်းအား တင်ပါးကိုခပ်ဆတ်ဆတ်လေးရိုက်ပစ်လိုက်ချင်သည်။

"ဂွေးတက်သွားတာ၊ဂွေးတက်တာ။"

Tae-မမကလည်း ကြားကောင်းအောင်ပြောပါဟ။

သူတို့လုပ်နေတာနဲ့ အောက်ကလူကသေတော့မည်။ကန်လိုက်တာ အရှိန်ဘယ်လောက်ပြင်းလဲဆို အကြော‌ေတွဆွဲကာ လေပါဖြတ်ချင်လာသလို။။

"ဆရာဝန်ခေါ်ရမှာလေ မေ့နေတာ"

Tae-အေးဟုတ်သား။

လုပ်တုန်းကလုပ်ပြီး ကြောင်တောင်တောင်လေးရပ်နေသောသူပါပင်။ဆရာဝန်ရောက်လာတော့ သေချာ စစ်ဆေးကာလိုအပ်သည်များကိုလုပ်ပေး၍...

"အရှိန်တော်တော်များတာပဲ၊ဘယ်သူ့လက်ချက်လဲ။"

နှစ်ယောက်လုံးတုပ်တုပ်မလှုပ်၊ထယ်ယောင်းကလည်း ရှက်၍ မပြောရဲသလို ယူရီနာကလည်း ထယ်ယောင်းအားကြောက်၍ အသံမထွက်ရဲ။

"ကဲကဲ ထားပါ၊နောက်တစ်ခါ မဖြစ်စေနဲ့၊ဖြတ်ပစ်ရလိမ့်မယ်။"

ဆရာဝန်ပြောသွားတဲ့စကားကိုကြည့်ပြီး သူလုပ်တာလွန်သွားလားလို့တွေးမိသည်။ဘယ်သူကရော တမင်လုပ်မှာလဲ၊သူ့ဘာသာ ဒီနေရာကိုပဲ ထိုးခံနေပြီးတော့ ခုတော့ ငါ့အပြစ်ဖြစ်ပြီ။အကို့ကိုစိတ်ပူလွန်ရာကနေ ဒေါသဖြစ်သွားတာ တကယ်မရည်ရွယ်ရပါဘူး အကိုရယ်။ဒါမဲ့လည်း လျှော့ပေးလို့မဖြစ်၊နောက်မလုပ်ရဲအောင် သေချာလေးဆုံးမရမည်။

Tae-မမ နောက်တစ်ခါ ဒီလိုမလုပ်နဲ့၊မစနဲ့ ကျွန်တော် မကြိုက်ဘူး၊မမမှာ အပြစ်ရှိတယ်နော်။

"အင်း။"

Tae-ဒီတစ်ခါတော့ မိန်းကလေးမို့ညှာပေးလိုက်မယ်၊နောက်တစ်ခါဆို လမ်းလယ်ခေါင်မှာ ထိုင်ထလုပ်ခိုင်းမယ်။

ထယ်ယောင်းစကားကိုကြားပြီး ယူရီနာ့မှာ ထိုင်ပဲရှိခိုးချင်သွားသလို၊အမလေး သူဌေးမေ့လဲလို့သာ စိတ်လျှော့တာဖြစ်မယ်။လူကောင်သေးသေးလေးနဲ့ ဒေါသတယ်ကြီးတာပဲ။

Truth?(Completed)Tahanan ng mga kuwento. Tumuklas ngayon