Part-18🦋

1.6K 151 1
                                    

Unicode Ver:

Jk-ထယ် ထယ်ယောင်း၊ထယ်ငယ် ငယ်လေး!

အော်ကြီးဟစ်ကျယ်အော်ခေါ်၍ အပေါ်ထပ်သို့ ဝုန်းဒိုင်းကြဲတက်လာပါသော Jungkook.
အပေါ်ရောက်တော့ ဝိုင်းတစ်ဝိုင်းမှာ ယောက်ကျားနှစ်ယောက်နဲ့ သူ့ကလေးကိုတွေ့လိုက်ရသည်။သူဒီလောက် ဝုန်းဒိုင်းကြဲပြီးတက်လာတာတောင် သူ့ကိုမမြင်ကြဘဲ ချစ်ကြည်နူးကာ စားသောက်နေကြသည့် သုံးယောက်ကိုကြည့်ရင်း ဒေါသထွက်လာမိသည်။

တင်းလာတဲ့စိတ်ကိုပြန်လျှော့ရင်း လှေကားနားမှာ ခနရပ်နေလိုက်သည်။ထယ်ငယ့်ကို ယုံသည်၊ငယ်က အေးအေးချမ်းချမ်းလေးဖြစ်သည့်အတွက် သူ့ရှေ့မှာ လူကြီးလူကောင်းဆန်ဆန် နေပြရမည်။လျော့တိလျော့ရဲဖြစ်နေတဲ့ အင်္ကျီကို ကျကျနန ပြုပြင်လိုက်ပြီး ဟန်အပြည့်ဖြင့် ထိုထမင်းဝိုင်းဆီ လျှောက်သွားလိုက်သည်။

Jk-ထယ်ယောင်း!

Tae-ဟာ အကို။

စောနကတောင် အကို့ကိုတွေ့ရရင်ကောင်းမှာပဲလို့တွေးနေတာ၊ငယ်က တကယ်ကို ကံအကြီးကြီးကောင်းနေတာလား။အကို့မျက်နှာလေးကို တစ်ဝကြီး ကြည့်ထားမှ တစ်နေ့တာရှေ့ဆက်နိုင်မယ်ထင်ပါရဲ့။

Joon-သိတာလား ကလေးလေး။

Namjoon ရဲ့ကလေးလေးဆိုသော အခေါ်ကြောင့် Jungkookမျက်ခုံးတို့ တွန့်ချိုးလျက်သား။ဘာလဲ သူကဘာမို့လို့ ကလေးလေးလို့‌ ခေါ်ရတာလဲ။

Tae-အသိတင် ဘယ်ဟုတ်မလဲ၊ဟို...

Jin-ဒါဆို ဘယ်သူတုန်း ပိစိရဲ့။

ထယ်ယောင်းစကားပင် ဆုံးအောင်မပြောလိုက်ရ၊စိတ်မရှည်တဲ့ အကိုနှစ်ယောက်က ဖြတ်ပြောနေပြီ။အင်း သူတို့ခေါ်ပုံမျိုးနဲ့ အကိုတော့ ငါ့ကိုတစ်မျိုးထင်တော့မှာပဲ။

တစ်ဖက်က Jungkook မှာလည်း လငပုပ်ဖမ်းသလို ဆူပုပ်နေပြီဖြစ်သည်။ကလေးလေး ပိစိလေး အား ဘာတွေလဲ။ငါ့ရဲ့အပိုင်လေးကို သူတို့က လွန်လွန်ကျူးကျူးတွေ ခေါ်နေတာ ဘာလို့လဲ။မဖြစ်ဘူး ရှင်းအောင်မေးရမယ်။

Tae-သူက ငယ်လေးသူဌေးပါ ကိုကြီးတို့ရယ်။

ဟမ် ကိုကြီး? အခု ကိုကြီးတို့လို့ပြောလိုက်တာမလား။ဟားဟား ထင်သားပဲ၊ထယ်ငယ်က အကြောင်းရှိလို့ ငြိမ်နေတာပါဆို။အမလေး ပွဲမကြမ်းမိတာတော်သေးတယ်။မဟုတ်ရင် ယောက်ဖတွေရှေ့ အမှတ်လျော့ရချည်ရဲ့။

Truth?(Completed)Onde histórias criam vida. Descubra agora