Part-27(Final)🦋

4.2K 179 20
                                    

Unicode Ver:

ထယ်ယောင်းလည်း အိပ်ရာကနေ နိုးလာတော့ ပုံမှန်မဟုတ်တဲ့ပတ်ဝန်းကျင်အား သတိထားမိလိုက်သည်။
ရှေ့မှာ လူတစ်ယောက်ရှိနေတာကြောင့် ဘယ်သူလဲဆိုတာ သေချာကြည့်မိတော့...

Tae- Inkook မင်း မင်း..
Ik-အင်း ငါလေ၊ကြိုဆိုတာက အရမ်းဝမ်းသာနေသလိုပဲ။

Tae-ငါ့ကို ဘာလုပ််ဖို့ခေါ်လာတာလဲ f**k

Ik-အင်း လုပ်မလို့လေ လုပ်မလို့

လုပ်မလို့ဟုဆိုကာ အနားကပ်လာတဲ့ လူကြောင့် ထယ်ယောင်းတုန်လှုပ်သွားရသည်။ဗိုက်နာနေတာကြောင့် ပြန်ရုန်းကန်ဖို့က သိပ်အဆင်မပြေလှ။ခုချိန် သတိရမိဆုံးက အကို့ကိုပင်။ အကိုခုချိန် ငယ့်ကိုလာခေါ်လောက်မလားဟင်။လာခဲ့ပါ အကိုရယ်၊ငယ် သူ့ဆီမှာ မရှုံးချင်ဘူး။

ထိုသို့တွေးနေတုန်း ဝုန်းခနဲပွင့်သွားတဲ့တံခါးနဲ့အတူ ရောက်ချလာသော Jungkook
မျက်စိတစ်မှိတ်အတွင်း သူ့ကိုယ်ပေါ်က Inkook ကိုဆွဲဖယ်ကာ ထိုးနေသည်မှာရစရာမရှိ။

Jk-ခွေးမသား မွေးရကျိုးကျွေးရကျိုး မနပ်တဲ့ကောင်!

ထိုးနေစဉ် အရေးသာနေသူမှာ Jungkook
ဖြစ်သော်လည်း သတိတစ်ချက်အလစ်မှာ Inkook က ဗိုက်ကိုအသားကုန် ထိုးချလိုက်သောကြောင့်
အောက်သို့ပစ်ကျသွား၏။ထိုအချိန်ကို အခွင့်ကောင်းယူကာ အပြေးထလိုက်ပြီး ထယ်ယောင်းအား ဇာတ်ပိုးတစ်ချက်အုပ်လိုက်၏။

မေ့လဲသွားသော ထယ်ယောင်းအားထမ်းကာ Jungkook အား...

Ik-အရှူံးသမား

တစ်ချက်သာပြောပြီးထွက်သွားသော သူ့ညီ။မဖြစ်ဘူး သူလိုက်ရမယ်၊ထယ်ယောင်းက ပါသွားတာမလား။ ထယ်​ယောင်းကိုတော့ အဆုံးရှူံးမခံနိုင်တော့ဘူး။ညီလေးက ထင်ရာစိုင်းတတ်တာမို့ ထယ်ယောင်းကိုသေချာပေါက်းရန်ရှာလိမ့်မယ်။

တွေးနေရင်းကားသံကြားတာကြောင့် အပြင်ကို
ထွက်ကြည့်လိုက်တော့ ညီလေးက ထယ်ယောင်းကို
တင်ကာ တရကြမ်းမောင်းထွက်သွားသည်။သေချာပေါက်ကို တစ်ခုခုပဲ။

Jungkook လည်း ကားယူပြီးအမြန်လိုက်တော့သည်။သူ့ညီမောင်းနေတာက မူမမှန်တာကိုလည်း သတိထားမိသဖြင့် တားမှဖြစ်မည်။

Truth?(Completed)Where stories live. Discover now