Part-13🦋

1.7K 153 25
                                    

Unicode Ver:

Ik-ဟာ ကြာစမ်း၊ဖယ်စမ်းကွာ။

Jungkook တားချိန်ပင်မရလိုက်၊သူ့ကိုဆောင့်တွန်းကာ ဝုန်းဒိုင်းကြဲ၍ ဝင်သွားလေပြီ။

ယူရီနာရေ ကျေးဇူးပြု၍ ကလေးလေးကို မြန်မြန် ခေါ်ထုတ်သွားပါတော့~

တစ်ဖက်မှာလည်း ထယ်ယောင်းအလုပ်လုပ်ရာဆီသို့ အလန့်တကြားရောက်လို့လာသည်။

"ထယ်လေး ထထ၊တို့နောက်လိုက်ခဲ့။"

Tae-ဟာ ခေါ်တိုင်း ဘာလို့လိုက်ရမှာလဲ၊ဘာလုပ်မလို့လဲ။

"လုပ်ပါဟ၊လိုက်ခဲ့ပါ ရောက်ရင်သိရမယ်။"

Tae-လာလိမ်မနေနဲ့၊ထယ်ယောင်းတို့က ရိုးနေပြီနော်၊မိန်းကလေးလည်း မကောင်းတာလုပ်ရင် မညှာဘူး။

အော် ဒုက္ခပါပဲ၊သူဌေးရယ်။ရှင့်ဟာလေးက မနိုင်စိန်လေး။မဖြစ်တော့ဘူး၊မရ ရတဲ့နည်းနဲ့ ခေါ်ရတော့မယ်၊ယူရီနာ့ကို ခွင့်လွှတ်ပါ အကိုကြီးရေ ...စိတ်ထဲမှာတွေးလိုက်ပြီးနောက် ပေါ်လာသည့် အကြံကတော့~

"အော် ငါ့နှယ် သူဌေး လှေကားပေါ်ကပြုတ်ကျကာ ခေါင်းကွဲပြီး သတိမေ့သွားလို့ ဆေးရုံမှာ။"

Tae-ဟမ် အဲ့ဒါကို မြန်မြန်ပြောတာ မဟုတ်ဘူး၊လာလာ သွားမယ်။

အော် သူ့ဟာဖြစ်တယ်ဆိုမှ ထတော့တယ်၊ငါနော်...ရှေ့ပေါက်ကနေ ဆင်းမယ်လုပ်နေသော ထယ်ယောင်းကို အမှီလိုက်တားရသေးသည်၊တော်ကြာ တန်းတိုးနေမှဖြင့်။သူဌေးကိုလည်း message ပို့ရသေးသည်၊ပိရိနေမှ ဖြစ်မယ်လေ။

*သူဌေး၊ထယ်ယောင်းကို ***ဆေးရုံကိုခေါ်သွားပါပြီ။သူဌေးလှေကားပေါ်ကပြုတ်ကျပြီး သွေးထွက်အသည်းအသန်ဖြစ်နေတယ်လို့ပြောထားတာမို့လို့ ယူရီနာတို့မရောက်ခင် ဆေးရုံမှာ ဟန်ဆောင်နေနော်။*

Jungkook တစ်ယောက် စာကိုလည်းမြင်ပြီးရော...

ဖက်လုံးမ၊ငါ့ကိုအရောက်ပို့ခဲ့တာပဲ၊ဘယ်လိုလုပ်ရမလဲ...ဘယ်လိုလုပ်ရမလဲ။ကြံမရသည့်အဆုံး လုံခြုံရေးအား

Jk-ဟဲ့ ငါ့ညီဆင်းလာရင် ရုံးဆင်းချိန်မို့လို့ ထွက်သွားပြီပြောလိုက်နော်။

Truth?(Completed)Where stories live. Discover now