Part-9🦋

1.9K 193 3
                                    

Unicode Ver:

Tae-ဟမ်

Ik-ဟုတ်တယ်မလား၊လိမ်ရင်လိမ်‌တယ်ပေါ့၊မင်းသိဖို့က လိမ်ရင်စောက်ရမ်းမုန်းတယ်ဆိုတာပဲ။

ပြောလည်းပြော ထယ်ယောင်းအနားကို တစ်လှမ်းချင်း တိုးကာကပ်သွားတော့ ကြောက်လို့ထင်သည်။နှုတ်ခမ်းတွေက တုန်ခါလို့။

ထယ်ယောင်းလည်း သူ့အနား တိုးသထက်တိုးလာတဲ့ အကို့ကို‌ ကြောက်လာမိသည်။ဒါ သူသိတဲ့ အကိုမှ ဟုတ်ရဲ့လား၊မဟုတ်ရင် အကိုက အစထဲက ဒီလိုပုံမျိုးလား။

ဆက်တွေးဖို့ရာလည်းမရှိတော့၊လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း မျက်လုံးများကို တင်းကြပ်စွာ ပိတ်ထားမိသည်။ခနကြာတော့ *ခွပ်* ဆိုတဲ့ အသံနဲ့အတူ၊မျက်လုံး ဖွင့်ကြည့်လိုက်တော့ ဘာဆိုဘာမှ မရှိတော့ပင်။

အကို ဘယ်ရောက်သွားလဲ သူမသိချင်တော့။ဒီလို ပုံစံမျိုးနဲ့ အကို့ကို မုန်းတယ်။ခွေကျချင်နေတဲ့ ခြေချောင်းများကို အားယူကာ ယိုင်နဲ့ယိုင်နဲ့ ဖြင့် အိမ်ကို ခပ်သုတ်သုတ် ပြန်လာခဲ့သည်။သူ ဝင်ပြီးတာနဲ့ တံခါးကို သော့ခတ်ကာ ပြတင်းပေါက်တွေလည်းမဖွင့်မိ။

တံခါးနားကို မှီထိုင်ရင်း ခြေထောက်ဆန့်ကာ မျက်လုံးကိုမှိတ်ထားမိသည်။လက်ရှိဖြစ်နေတဲ့ အရာတွေက ရှုပ်ထွေးလွန်းသည်လေ။

Jungkook လည်း ဝမ်းလျှောသဖြင့် အိမ်ကို ပြန်ချင်သော်လည်း ကျန်ခဲ့မဲ့ ကလေးကို စိတ်ကမချ။ပြန်ချင်ယောင်ဆောင်ကာ ကလေးနောက်က တောက်လျှောက်လိုက်လာခဲ့သည်။တစ်နေရာရော‌က်တော့ ကလေးကိုစောင့်နေတဲ့ Inkook.

ဘာလဲ၊ဒီကောင်က ထယ်ငယ်ကို ပြသနာ ရှာဖို့ကြံနေတာလား။မဟုတ်ရင် သူပြောတဲ့ကြိုက်နေတယ်ဆိုတာ တကယ်လား။အကွယ်တစ်နေရာမှ နေ၍ ‌အခြေအနေကို အကဲခတ်နေမိသည်။ပေါ်တင်ပြောလိုက်၍ ရသော်လည်း ကလေးငယ်ဘက်က လိုလိုလားလား မမေးသ၍ အတင်းမရှင်းပြ၊မပြောပြချင်။

ကြည့်ရတာ ကလေးငယ်က သိပ် ဘဝင်ကျပုံမရ၊သူက ဒီလိုတဇွတ်ထိုး လမ်းသရဲ ပုံစံမှ မဟုတ်တာဘဲ။ကလေးက အေးချမ်းသလောက် သူ့ညီက ပူလောင်လွန်းတယ်။စရိုက်ချင်းက မိုးနဲ့မြေလို ကွာနေသည်ပင်။
တဖြေးဖြေးနဲ့ အခြေအနေက နိုင်ထက်စီးနင်း ဆန်လာသည်။ကြောက်၍ထင်သည်၊မျက်လုံးတွေကို ပိတ်လို့။

Truth?(Completed)Where stories live. Discover now