Part-11🦋

1.9K 166 18
                                    

Unicode Ver:

နောက်တစ်နေ့မနက်ရောက်တော့ ထယ်ယောင်း စောစောထရတော့သည်။အကြောင်းမှာ အကိုက ခုနစ်နာရီလောက် လာခေါ်မည်ဖြစ်သောကြောင့်။ခုနစ်နာရီခွဲလောက်မှ ထတတ်တာကြောင့် အခုလိုထရတာ စိတ်ကသိပ်မကြည်၊အလိုလို ဒေါသထွက်လာတတ်သည်။မျက်လုံးကလည်း အိပ်ချင်၍ အားကုန် မဖွင့်နိုင်တာကြောင့် စမ်းတမ်းစမ်းတမ်းဖြင့်။

Tae-အား အိပ်ချင်လိုက်တာ၊ဒီသွားတိုက်ဆေးကလည်း ညှစ်နေတာကို ဘာလို့မထွက်တာလဲ၊အော် ပြောင်းပြန်ကြီးပဲ အောက်မှာထွက်နေပြီ။

ထို့နောက် တစ်ယိမ်းတစ်ယိုင်နှင့် အောက်သို့ဆင်းလာပုံက အကြောင်းမသိတဲ့သူဆို အရက်မူးနေသလားလို့ ထင်သွားလောက်သည်။

Jk လည်း ထယ်ယောင်းအိမ်ရှေ့ရောက်တာနဲ့ ဖုန်းခေါ်လိုက်သည်။အိမ်ပေါက်ဝမှာ ရပ်နေတာကိုလှမ်းမြင်နေရပြီး ဖုန်းကို ဘာလို့မကိုင်တာလဲ။မြင်နေရသည်မို့ အနားကို ပြေးသွားကာ ကြည့်လိုက်တော့ ဖုန်းကိုဇောက်ထိုးထားပြီး ကိုင်နေသော ပေါက်စ။

Jk-ငယ် ဇောက်ထိုးကြီးလေ။

Tae-အော် ဟုတ်လား၊ဒါနဲ့ ကျုပ်စိတ်သိပ်မရှည်ဘူးနော်၊အမှား မလုပ်မိစေနဲ့။

ကြားလို့မှ မကောင်း၊သူဌေးကို ဖြဲခြောက်နေတာတဲ့လေ။ကြည့်ရတာ အိပ်ရာ စောစော ထရလို့လားမသိ။မျက်လုံးတွေကလည်း မပွင့်တပွင့်နဲ့၊အမလေး ဒီကောင်လေးရစ်တာ ခံရတော့မယ် ထင်ပါရဲ့ဗျာ။

Jk-ကဲကဲ ကားပေါ်တက်။

ကားပေါ်တက် ဆိုတော့လည်း ကားတံခါးဖွင့်နေတာ အကြာကြီးမို့ သွားကြည့်လိုက်တော့ တံခါးလက်ကိုင်ကို ဆွဲနေတာချော်ထွက်နေခြင်း။အော် ဒီကလေးနှယ်၊လုပ်လိုက်ရင် တလွဲချည်းပဲမို့ သူကိုယ်တိုင်ပဲ ဖွင့်ပေးကာ ထိုင်စေသည်။

ကုမ္ပဏီကိုရောက်တော့ ကားပေါ်က ဆင်းခိုင်းမည်လုပ်တော့ ဘေးနားမှာအိပ်ပျော်နေပါသော ကလေးလေး။စိတ်ရှိတိုင်းသာဆိုဘအိပ်ရေးပျက်မခံစေချင်ပေမဲ့၊ဒီအလှလေးကို တစိမ့်စိမ့်ကြည့်နေချင်ပေမဲ့ သူဌေးတစ်ယောက်ဖြစ်သည့် အားလျော်စွာ ထားသင့်တဲ့ မာန၊သိက္ခာတစ်ချို့ကြောင့် ဒီကောင်လေးကို နှိုးရပေအုံးမည်။

Truth?(Completed)Where stories live. Discover now