Part-25🦋

1.6K 118 3
                                    

Unicode Ver:

Ik-မင်းတို့ကို ကိုကြီး ဘယ်လောက်ပေးထားလဲ၊ငါနှစ်ဆပေးမယ် ခုတံခါးဖွင့်ပေး။

"မရပါဘူး"

ဘယ်လိုပြောပြော စကားပြောင်းမည့်ပုံမပေါ်သော ‌သက်တော်စောင့်တွေကြောင့် ငြိမ်နေလိုက်ရသည်။အားတွေအကုန်ခံလို့မဖြစ်သေူဘူးမလား။ညကျ ထမင်းလာပို့တဲ့အစောင့်ကိုပဲ တစ်ခုခုလုပ်ပစ်ပြီး အပြင်ရအောင်ထွက်မည်၊ထယ်ယောင်းဆီကို သွားကာ သူ့အပိုင်အဖြစ် သိမ်းပစ်မည်ဟူသော စိတ်တို့ဖြင့်။

At Jungkook's side,,,

Jk-ဟဲ့ ယူရီနာ နင့်ကိုစဉ်းစားခိုင်းထားတာ အူသနုတက်ခိုင်းတာမဟုတ်ဘူးလေ။

"စဉ်းစားနေပါတယ်၊သူဌေးတို့ကဒိတ်လည်းလုပ်ရမဲ့ပုံမပေါ်ဘူး။ဒီနေ့ အလုပ်မတက်နဲ့တော့ ယူရီနာတာဝန်ယူလိုက်မယ်၊လျှောက်လည်လိုက်။"

Jk-တကယ် အားကိုးပါတယ်၊လစာတိုးပေးမယ် တာ့တာနော်။

ပြောလည်းပြော ထယ်ယောင်းလက်ကိုဆွဲပြေးသော သူပါပင်။အားလုံးက ဖိန့်ဖိန့်တုန်အောင် ကြောက်ရတဲဘသူဌေးသည်လည်း ထယ်ယောင်းနဲ့ကျမှ အပိုးကိုကျိုးလို့ပင်။

Tae-ကို ဘယ်သွားမလို့လဲ။

Jk-ဒိတ်လုပ်မယ်၊အလုပ်မတက်ဘူး။‌ကို့ကိုယုံပြီးလိုက်ခဲ့။

ယုံပြီးလိုက်ခဲ့တဲ့လား~ကို။ကိုဟာ လူလိမ်တစ်ယောက်ဖြစ်နေရင်တောင် ငယ့်ကိုလိမ်နေမှန်းသိနေရင်တောင် မသိချင်ယောင်ဆောင်ပြီး မျက်စိမှိတ်ယုံဦးမှာ။ချစ်တာမို့လို့လေ။

ဘတ်စ်ကားမှတ်တိုင်ရောက်တော့ နေရာလွတ်မှာ ထယ်ယောင်းအားထိုင်ခိုင်းပြသူကတော့ မတ်တပ်အနေအထားဖြင့် ကားစောင့်ကြသည်။ထယ်ယောင်းစဉ်းစားလို့ မရတာက ကို့လိုလူက ဒီကိုဘာလာလုပ်တာလဲ၊သူဌေးဖြစ်ပြီးတော့လေ။အာ သူမေ့သွားခဲ့တာပဲ၊ပထမဆုံးတွေ့တာတောင် ကားပေါ်မှာ တက်ထိုင်မိရင်းတွေ့ကြတာမလား။

Tae-ကို ဘာလုပ်မလို့လဲ။

Jk-မြို့ပတ်ကားစီးမလို့၊ဟိုမှာ လာပြီ လာလာ။

လာလာဆိုပြီး  ကားပေါ်ပြေးတက်ကြသည်။မနက်စောစောဖြစ်သောကြောင့် ရုံးသွားရုံးလာလူတွေနဲ့ကားတွေက ပြွတ်သိပ်။တော်"ကြာကြာ မတ်တပ်ရပ်ပြီးမှ ရလာတဲ့နေရာလေးတစ်နေရာ။ Jungkookက
ထယ်ယောင်းအား ထိုင်ဆိုသော အကြည့်လေးနှင့် မျက်စိပစ်လိုက်သော်လည်း
ထယ်ယောင်းက မထိုင်တဲ့အပြင် သူ့ကို ထိုခုံပေါ် တွန်းကားထိုင်စေလိုက်သည်။

Truth?(Completed)Where stories live. Discover now