Part-24🦋

1.6K 138 0
                                    

Unicode Ver:

ထယ်ယောင်းလည်း ဘာမှပြောမနေဘဲ အကို့ရဲ့နှုတ်ခန်းပါးအား ခပ်ဖွဖွ ထိကပ်လိုက်သည်။‌

ဒါအဖြေပဲအကို၊ဒါအဖြေပဲ။ငယ် အကို့ကို အဆုံးရှုံးမခံနိုင်သလို အကို့ညီဆီကိုလည်းမသွားနိုင်ဘူး။

Jk-ငယ် ငယ်လေး!

Tae-ဒါအဖြေပဲ အကို။

Jungkookလည်း နူးညံ့စွာ ဖက်ထားလိုက်ပြီး...

အင်း ငယ်၊မင်းကိုဘယ်သူမှ မထိစေရဘူး။ကာကွယ်ပေးမယ်၊ကို တန်ဖိုးထားရတဲ့ ဖြစ်တည်မှုကို ကာကွယ်ပေးမယ်။

Jk-ငယ် နောက်နေ့တွေ တစ်ခုခုများ မသင်္ကာစရာရှိတာနဲ့ကို့ကို အရင်ပြောပါ။ညီလေးက နောက်နေ့ သူ့ပုံစံအစစ်နဲ့ပဲလာလိမ့်မယ်ထင်တယ်။

Tae-အင်း အကို၊ငယ် ကိုယ့်ကိုကိုယ် ကာကွယ်နိုင်ပါတယ်။

Jk-အကိုခေါ်နေတုန်းပဲလား။

ဟုဆိုကာ နှာခေါင်းလေးအား သာသာဆွဲလေတော့ သဘောကျသည်ထင်သည်၊တခိခိ ရယ်နေလျက်။

Tae-ကို...

Jk-ဗျာ...

ချစ်တယ် ငယ်၊အရမ်းချစ်တယ်။တွေ့ဆုံခြင်းက ကမောက်ကမနိုင်ပေမဲ့ ဖြစ်တည်လာခဲ့တဲ့ အချစ်တွေက ပေါ့ပေါ့တန်တန်မဟုတ်ခဲ့ဘူး ကလေးငယ်။စကားနဲ့လည်းဖော်ပြပေးမှာဖြစ်သလို ဂရုစိုက်ခြင်းတွေနဲ့လည်းဖော်ပြပေးမယ်။ချစ်မိရင် အကုန်လုပ်နိုင်သွားတယ် ကလေးလေးရဲ့။

ချစ်တယ် ကို...ငယ်သိပ်ချစ်တယ်။စစမြင်ချင်းတည်းက ရူးသွပ်ရသူမို့ ငယ့်အေးချမ်းမှုလေးကို မြင်တဲ့အခါ စိတ်ပျက်သွားမှာစိုးခဲ့သေးတာ။ကိုကတော့ ငယ့်လိုလူကို မရွေးလောက်ဘူးထင်ခဲ့သေးတာ။အထင်အမြင်တွေက အမှားတွေဖြစ်နေကြောင်း သက်သေပြပေးခဲ့တဲ့အတွက် ကြည်နူးမဆုံးဖြစ်ရပါတယ် ကိုရယ်။

Jk-ငယ် ကိုတို့ပြန်မယ်၊လိုက်ပို့မယ်။တံခါးတွေကိုသေချာပိတ်အိပ်ပါ။

Tae-အင်း ကို၊စိတ်ချနော်။

Next morning::

မနက် ခြောက်နာရီပင်မထိုးသေးဘဲ တတီတီမြည်နေသောဖုန်းသံကြောင့် ထယ်ယောင်းအိပ်လို့မရတော့။ညကလည်း နောက်ကျထားသဖြင့် ခေါင်းကနောက်လို့နေသည်။မြည်နေသော ဖုန်းကိုကောက်ကိုင်လိုက်ပေမဲ့ ဘယ်သူမှန်း မကြည့်မိ။

Truth?(Completed)Dove le storie prendono vita. Scoprilo ora