Part-26🦋

1.7K 126 8
                                    

Unicode Ver:

Jk-ငယ်က အဆိုးလေးပဲ၊ကိုယ့်ကို တိုက်ရိုက်ပဲပြောရောပေါ့။

Tae-ငယ့်အကြောင်းမသိတာကျနေရော၊ငယ်က အဲ့လိုလုပ်တတ်တဲ့သူလား။

ဟုတ်သားပဲ။ကလေးငယ်က ဘာလုပ်လုပ် တည်တည်ငြိမ်ငြိမ်လေးနဲ့လုပ်တတ်တာ၊ရင်းနှီးသွား ချစ်မိသွားလို့သာ မျက်လုံးထဲ ကလေးလေးလိုမြင်နေပေမဲ့
မရင်းနှီးခင်အချ်ိန်တုန်းကတော့ သူ့လိုလူတောင် ရှိန်ခဲ့ရသည်မလား။ခပ်တည်တည်နေတတ်ပြီး အမှားကိုလက်မခံ ဆတ်ဆတ်ကျဲပုံစံကပဲ ချစ်မိစေခဲ့တာလေ။

Jk-အွန်း ဟုတ်တယ်၊ငယ့်ပုံစံကိုပဲ ကိုကချစ်ခဲ့တာ။

Tae-စကားအရမ်းတတ်တာရော်။ကဲ အိမ်ပြန်ကြမယ် နောက်လည်းကျနေပြီ၊ငယ်နားချင်ပြီ။

တကယ်တော့ နေ့ခင်းက ထမင်းသုပ်က
အခန့်မသင့်၍အစာမကြေဖြစ်သည်ထင်သည်။ဗိုက်
အောင့်ကာ မူးဝေလာတာကြောင့် ပြန်မယ်ပြောခြင်း
ပင်။ကို့ကိုလည်း အမှန်မပြောချင်၊တော်ကြာ
စိတ်ပူလွန်ပြီး ပြန်မလွှတ်မှဖြင့်။

Jk-ဟုတ်ပြီ ငယ်၊ကို အိမ်လိုက်ပို့မယ်နော်။

ထယ်ယောင်းကိုအိမ်လိုက်ပို့ပြီး Jk လည်း
အိမ်သို့ပြန်လာခဲ့သည်။သေချာတာတော့ သူ့ညီလေး
အိမ်မှာသောင်းကျန်းထားမည်ပင်။အိမ်သို့ရောက်တဲ့အခါ အပေါ်ထပ်အခန်းထဲမှ ဗီဒိုအားရိုက်ခွဲသံနှင့်အတူ...

Ik-ကိုကြီး ပြန်မလာသေးဘူးလား၊ငါ့ကို ဘာကိစ္စဒီလိုပိတ်ထားတာလဲ။ညီအရင်းထက် ဟိုအကောင်ကပိုအရေးကြီးတယ်ပေါ့။

Jkလည်း အပေါ်သို့တက်သွားလိုက်ပြီး တံခါးကိုဆွဲဖွင့်ကာ လက်သီးဖြင့် တစ်ချက်ပိတ်ထိုးလိုက်သည်။ညီ
ဖြစ်သူ နောက်ကိုလန်ကျသွားတော့မှ...

Jk-ဘာ ဟိုအကောင်ဟုတ်လား။မင်းပြောတော့
သိပ်ချစ်တယ်ဆို ဟမ်။မင်းဒီလို တန်ဖိုးမထားတတ်လို့ ငယ်က မင်းကိုမသတီတာကွ။ငါ့ချစ်သူကို
ဟိုအကောင်မပြောနဲ့ မင်းလို့ပြောရင်တောင်
ငါသည်းခံမှာမဟုတ်ဘူး၊ ညီဖြစ်ဖြစ် သမ္မတဖြစ်ဖြစ် ရှင်းလား။မင်းကိုငါ သည်းခံလာတာ တစ်သက်လုံးပဲ။ရပ်တန်းကရပ် ရှေ့ဆက်တိုးမလာနဲ့။

Truth?(Completed)Où les histoires vivent. Découvrez maintenant