Part-2🦋

4.7K 313 16
                                    

Unicode Ver:

Tae-ဟုတ် Kim Taehyung ပါ။

Jk-ဘယ်သွားမလို့လဲ ပြာကလပ်စိန်ရဲ့။

Tae-စားသောက်ဆိုင်တစ်ခုမှာ အချိန်ပိုင်းရှိလို့။ဟော ဒီမှတ်တိုင်ပဲ ဦးလေးရေ ဆင်းမယ်။ဒီကအကိုလည်းသွားပြီနော်။

သူ့ဆီက ပြန်ပြောတာကိုတောင်မစောင့် ပြေးဆင်းသွားပြန်ပြီ။တကယ့်ကို ရှပ်ပြာလေး။မျက်နှာလေးကလည်း လုံးလုံးဝိုင်းဝိုင်းလေးနှင့် တကယ်ကို ချစ်စရာ။မြင်မြင်ချင်းအချစ်ဆိုတာ ဒါကိုပြောတယ်ထင်ပါရဲ့။စိတ်စေရာ အတိုင်း ထိုကောင်လေး နောက်ကနေ တိတ်တိတ်လေးလိုက်သွားမိသည်။ရှေ့ကကောင်လေးကဇောကပ်နေသဖြင့် သူလိုက်လာတာကို သိဟန်မတူ။

တစ်နေရာအရောက် သူ့အိတ်ထဲက တစ်ခုခုကို ငုံ့ရှာနေတုန်း လူကြီးတစ်ယောက်နဲ့ဝင်တိုက်မိပြီ။သူလည်းအခြေအနေကို ကြည့်ရန် အကွယ်တစ်နေရာသို့ဝင်လိုက်သည်။

Tae-ဒီက အကိုကြီး မမြင်လို့ပါခဗျ။တောင်းပန်ပါတယ်။

"မမြင်ရအောင် ကန်းနေလို့လား။"

ထယ်ယောင်းလည်း ဒေါသထွက်သွားတာကြောင့် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားမိသည်။ဒီလူက ဘာလဲ။သူမှားလို့တောင်းပန်နေတာကို စကားတွေက ရင့်လှချည်လား။ကင်မ်ထယ်ယောင်းကို ဒါမျိုးလာလုပ်လို့ရမလား။အောက်ကိုငုံ့နေရင်းမှ မျက်လုံးလေးလှန်ကြည့်လိုက်ပြီး...

Tae-တောင်း ပန် တယ် နော်၊ဖယ် ပေး တော့။

လို့တစ်လုံးချင်းပီပီသသ ‌အော်လိုက်ရာ...

"လက်တောင့်လောက်လေးက အလာကြီးပါလား ဟမ်။"

*ဖတ်*

ပြောလည်းပြော သူ့လက်ထဲက ပိုက်ဆံအိတ်နဲ့ ခေါင်းကိုလာပေါက်တဲ့လူကြီး။သည်းခံနိုင်စွမ်းက ဒီအထိပဲ။တစ်သက်နဲ့တစ်ကိုယ် မိဘကိုတောင် ခေါင်းထိတာ မကြိုက်တဲ့ သူ့ကို ရာရာစစ လာပေါက်တယ်တဲ့လား။အတင့်ရဲလိုက်တာ။သူ့ရဲ့လိုတရ အိတ်ထဲကနေ ထုတ်ယူလိုက်ပါတဲ့ ဇာဂနာတစ်ချောင်း။

ထိုလူကြီးရဲ့မေးစေ့ကို တစ်ချက်တီးကာ သူသတိမပြုခင်မှာ တံတောင်နဲ့မျက်နှာအားဖမ်းထားလိုက်ပြီး ဒူးတစ်ဖက်ထောက်ချကာ နှုတ်ခမ်းမွှေးတွေကို တစ်မွှေးချင်းဆွဲနှုတ်တော့သည်။

Truth?(Completed)Opowieści tętniące życiem. Odkryj je teraz