Part-20🦋

1.6K 139 7
                                    

Unicode Ver:

အပြုံးချိုချိုလေးတွေနဲ့ အဒေါ်က ဧည့်ဝတ်ကျေလှသည်။နေရာထိုင်ခင်း၊အဆာပြေသားစရာအားလုံးလုပ်ပေးပြီးတော့မှ...

"သူဌေး တစ်ခုခုလိုရင် လှမ်းသာခေါ်ပါ၊အခုမှရောက်တာဆိုတော့ တစ်ရေးလောက် အိပ်လိုက်ပါဦး။"

Jk-ဟုတ်ကဲ့၊ဒါနဲ့ ကျွန်တော့်ကို ထယ်ယောင်းကိုခေါ်သလိုသားပဲခေါ်ပါ။သူဌေးကျ တစ်မျိုးကြီးမို့။

"ဟုတ်ပြီ သားလေး၊ဒေါ်ဒေါ်အပြင်မှာရှိမယ်နော်။"

Jungkook လည်း ခေါင်းငြိမ့်ပြကာ ကုတင်ပေါ်လှဲနေလိုက်သည်။ကလေးငယ်ရယ် နာရီပိုင်းလေးဝေးတာတောင် သေမလို ပူလောင်ရတာ မင်းကိုညီလေးသာ လုသွားမယ်ဆိုရင်ဖြင့်။

Tae-ဒေါ်ဒေါ် အကိုအိပ်ပြီလား။

"အနားယူလို့တော့ ပြောထားတယ်၊သားငယ် ဒေါ်ဒေါ်နဲ့စကား ခနပြောရအောင်။"

ထယ်ယောင်းရိပ်မိလိုက်သည်။သေချာပေါက် အကို့ကိုစိတ်ဝင်စားတာ ဒေါ်ဒေါ် ရိပ်မိသွားပြီပဲ။အားလုံးကိုလိမ်လို့ရပေမဲ့ လုံးဝလိမ်လို့မရသည်က ဒေါ်ဒေါ်။
ဘာကိုမှလည်း ဖုံးကွယ်မထားချင်တာမို့ အမှန်တိုင်းသာပြောပြရန်ပြင်လိုက်သည်။

Tae-ဒေါ်ဒေါ် သားအကို့ကိုချစ်တယ်။

"သိတယ် သားငယ်၊အေးအေးချမ်းချမ်းနဲ့ အပူအပင်မရှိ ဝါသနာပါရာလေးလုပ်ပြီးနေချင်တဲ့သူက အပူများတဲ့စီးပွားရေးသမားကိုမှ ဘာလို့ချစ်ရတာလဲ။"

Tae-သူဒီလိုမှန်းမသိခင်တည်းက စစမြင်မြင်ချင်းတည်းက ချစ်တာပါ။

"နှစ်ဦးနှစ်ဖက်ချစ်ခြင်းဆိုရင်တော့ အခက်အခဲတွေကျော်လွှားနိုင်မှာပါ၊ဒေါ်ဒေါ်လက်ခံပေးနိုင်ပါတယ်။"

Tae-ခုဟာက သားငယ်တစ်ဖက်သတ်ချစ်နေတာလေ။

"မဟုတ်ဘူး၊သူ့မျက်လုံးထဲမှာ သားငယ်ကို မြတ်နိုးတဲ့ပုံရိပ်တွေရှိတယ်။အချိန်တန်ရင် သိလာပါလိမ့်မယ်။"

ထယ်ယောင်း ပျော်သွားမိသည်၊အကိုကလေ ငါ့ကိုချစ်တယ်တဲ့လား။ကိုယ်တိုင်မပြောပေမဲ့ ဒေါ်ဒေါ်က လူကဲခတ် အရမ်းတော်တာမို့ မှားနိုင်စရာတော့ မရှိ။အတွေးလေးနဲ့တင်ပျော်ရတယ် အကို။

Truth?(Completed)Where stories live. Discover now