Part-22🦋

1.5K 135 2
                                    

Unicode Ver:

စိတ်မပါဘူးဟုဆိုကာ ထထွက်သွားသော ထယ်ယောင်းနောက်အား အသဲအသန်လိုက်၍ လက်ကိုဆွဲလိုက်ပြီး...

Jk-ငယ်လေး ကို့ကိုအထင်မလွဲပါနဲ့နော်။

Tae-မလွဲစေချင်ရင် အကြောင်းအရင်းကိုပြော၊အကိုလုပ်လိုက်တဲ့အရာတစ်ခုကို ဘာလို့မသိချင်ယောင်ဆောင်နေနိုင်တာလဲ။
ကျွန်တော့်ကိုအော်စရာမလိုဘူးနော် ကျွန်တော် အမုန်းဆုံးပဲ။

Jk-အင်း အကိုတောင်းပန်တယ်၊အထင်မလွဲနဲ့နော်။

Tae-မလွဲစေချင်ရင် အမှန်ကိုပြောလေ။

အော် ငယ်လေးရယ်၊သိပ်ခက်ပါလား။ကိုမင်းကို အမှန်တိုင်းပြောပြချင်တာပေါ့။သိပ်ကိုပြောပြချင်တာ။ဒါပေမဲ့ ကို့ညီလေးကရော၊သူကလည်းမင်းကိုချစ်နေတာ ငယ်လေးရဲ့။သူ့လက်ထဲမင်းကိုမထည့်ပေးနိုင်ပေမဲ့ ကိုပြောမှ မင်းသူ့ကိုရှောင်မှာမျိုးကိုမကြိုက်ဘူး။ပြီးတော့ သူကလည်းမင်းကိုလွှတ်ထားမှာမဟုတ်ဘူး၊မသိတာ အအေးချမ်းဆုံးဖြစ်မှာပါ ငယ်။

Tae-မပြောချင်ဘူးမလား အကို၊ကျွန်တော့်ကို တစ်မျိုးပြီးတစ်မျိုးစရနောက်ရတာ ပျော်လား။တော်လောက်ပြီ မနက်ရုံးလာမှတွေ့မယ်။

တကယ်ပဲ အကို့မှာ လူသိမခံတဲ့လျှို့ဝှက်ချက်ရှိနေတာလား။ဘာလဲ ဘာမို့လို့ အကိုကနှစ်မျိုးကွဲထွက်ပြီး ချိတုံချတုံဖြစ်နေရတာလဲ။

တစ်ဖက်က Inkook မှာတော့...
ထယ်ယောင်းနောက်တကောက်ကောက်လိုက်ပြီး ထယ်ယောင်းအားခေါ်လိုက်သည်။ခေါ်သော်လည်း လှည့်မကြည့်၊အာ ခုနက သူတို့တွေရန်ဖြစ်ထားကြတာပဲ။ပုံမှန်ဆို ရန်ဖြစ်ရင်းဝေးတာကောင်းတာပေမဲ့ သူကကိုကြီးအယောင်ဆောင်နေရတာမို့ စိတ်ဆိုးနေ၍မဖြစ်သေး။

Ik-ငယ်လေး~

နူးနူးညံ့ညံ့တွေမပြောဖူးတဲ့ပါးစပ်က ငယ်လေးဆိုတဲ့စကားထွက်ဖို့ရာ တော်တော်ကိုကြိုးစားယူရသည်။အသံနေအသံထား သေချာလုပ်ကာ လေသံပျော့ပျော့လေးဖြင့်ခေါ်လိုက်ခြင်းဖြစ်သည်။

ထယ်ယောင်းမှာစိတ်ဆိုးသော်လည်း ခေါ်နေတဲ့အခါ မကြည့်ရမနေနိုင် လှည့်ကြည့်မိတော့ လက်ကိုဆွဲလို့လာသည်။

Truth?(Completed)Where stories live. Discover now