Part-5🦋

2.4K 213 9
                                    

Unicode Ver:

Jk-ငိုလို့ဝပြီဆို ဘာဖြစ်တာလဲ ပြောပါဦး။

ထယ်ယောင်းလေးလည်း ဖြစ်ဖြစ်သမျှ အကြောင်းစုံကို အကုန်ပြောပြလိုက်မိသည်။သိတာမကြာသေးပေမဲ့ ဒီလူကြီးကို အားကိုးချင်မိသည်။

Jk-မိုက်ရိုင်းလိုက်တာ ဆိုတာ။အဲ့တော့
ထယ်ယောင်းငယ်က အခု အလုပ်မရှိတော့တာလား။

Tae-ဟုတ်တယ်၊တခြားအလုပ်တွေကလည်း လစာက နည်းတယ်လေ။ဒီဟာလေးက အဆင်ပြေနေတာကို၊စိတ်ညစ်တာပဲ။

Jk-ပိုက်ဆံရှာပြီး ဘာတွေလုပ်ချင်လို့လဲ ဟင်။

Tae-တစ်‌ေယာက်တည်း ခရီးတွေထွက်ချင်တယ်၊စာအုပ်တွေဝယ်ရမယ်၊အကျီလေးလည်းလိုချင်လို့ အကိုရ။

ဖြူစင်လိုက်ပါတဲ့ကောင်ငယ်လေး။အေးအေးချမ်းချမ်းလေးနေတတ်ပုံများ ဘေးလူတောင် မှင်သက်စေနိုင်သည်အထိ။မြတ်နိုးရပါတယ် ကလေး‌ရယ်။

Jk-ကိုယ့်ဆီ အလုပ်လာလုပ်လိုက်။

Tae-ခင်ဗျာ၊ဖြစ်ပါ့မလား။ကျွန်တော်က စပ်စလူး၊ဟိုတစ်ခါကတောင် အဟီး။

အမလေး သူပြန်ပြောမှ ကြိမ်းတိမ်းတိမ်းတောင်ဖြစ်လာသလို။ဖြစ်တတ်တာကို ကြိုပြီး သတိပေးတာလား၊သူ့ကိုကြောင်မှာ သိနေလို့ လုပ်ပစ်မယ်လို့ ခြိမ်းခြောက်တာလား မသဲကွဲ။မချိပြုံးလေး ‌ပြုံးပြလိုက်ပြီး...

Jk-အဟမ်း ရပါတယ်၊မလွဲအောင် ကိုတဖြည်းဖြည်းသင်ပေးမှာပေါ့။

Tae-ဟုတ်ပါပြီ၊ကျွန်တော်က ဘာလုပ်ရမှာ၊လစာက ဘယ်လိုပေးမှာ၊ကြိုပြောထားမယ် အစမ်းခန့်တွေဘာတွေ မလိုချင်ဘူးနော်၊တစ်ခါတည်း တရားဝင်အလုပ်သမားဖြစ်ချင်တာ။

နှုတ်ခမ်းတထော်ထော်နဲ့ ပြောနေတဲ့ပုံလေးက အသဲယားဖွယ်ရာ အတိ။ဒီနှုတ်ခမ်းသေးသေးလေးကို ခပ်ဖွဖွလေး ကိုက်ပစ်ရရင်ဖြင့်။ကိုက မင်းကို တစ်သက်လုံး အလုပ်ခန့်မှာ၊ကို့ရဲ့အသက်လေးရ။

Jk-မပူပါနဲ့တစ်ခါတည်းခန့်မှာ၊လက်ထောက် အတွင်းရေးမှူး၊အခုလက်ရှိ အတွင်းရေးမှူးက အလုပ်တွေများလို့ညည်းနေတာလေ။လစာက တစ်လကို ဝမ်ဆယ်သိန်းအထက် ရမယ်။

Truth?(Completed)Where stories live. Discover now