Part-21🦋

1.5K 132 4
                                    

Unicode Ver:

Tae-ဟော ဘောစိပဲ။

ညနေစာအားအတူတကွ ပျော်ပျော်ရွှင်ရွှင် စားပြီးတဲ့နောက်မှာတော့ အသီးသီးအနားယူခဲ့ကြသည်။နောက်နေ့မနက် ပြန်ဖို့ပြင်ဆင်ရင်း ကားပေါ်တက်ခါနီးတော့ ဒေါ်လေးက ထယ်ယောင်းနဲ့Jungkook အား တစ်ယောက်ချင်း အလှည့်ကျခေါ်ယူသည်။

"သားငယ်လေး၊သွားမယ်လို့တွေးထားပြ္းရင် အဆုံးထိသွားပါ၊အဆုံးသတ်က ဘာပဲဖြစ်ဖြစ် ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ၊ ပျော်ရွှင်ခြင်းဖြစ်စေ ဝမ်းနည်းခြင်းဖြစ်စေ ရောက်အောင် ကြိုးစားပါ။"

Tae-ဟုတ်ကဲ့ ဒေါ်လေး၊စိတ်ချပါ။ကျွန်တော် အကို့ကိုလုံးဝလက်မလွှတ်နိုင်တာမို့ ဘာပဲဖြစ်နေနေ ဆက်တိုးမိမှာပါ။

"သား ထယ်ယောင်းလေး ဆန္ဒကိုဖြည့်ပေးပါ၊စောင့်ရှောက်ပေးပါ။ဆိုလိုတာ နားလည်တယ်မလား။"

Jk-နားလည်ပါတယ် ဒေါ်ဒေါ်၊ကျွန်တော် လက်မလွှတ်ပါဘူး။

‌အပြန်ကိုတော့ အကိုက သူ့လေယာဉ်ပါလာတာ ဖြစ်တဲ့အတွက် အတူတူလိုက်စေသည်။အကိုနဲ့ဘေးချင်းကပ်လျက် ထိုင်ရတဲ့ ခံစားချက်က ဒီနေ့မှာ ပိုကြည်နူးစရာကောင်းနေသလို။

အိပ်ပျော်နေတဲ့အကို့ရဲ့ဘေးတစောင်းမျက်နှာကို အကြောင်းပြချက်မဲ့စွာ ငေးနေမိသည်။ ~သိပ်ချစ်တာပဲ အကိုရယ်၊ဝင်လေထွက်လေကအစ သဝန်တိုရတယ်။
ဆံချည်မျှင် ပါးပါးလေးတွေကနေ ခြေဖဝါးက ဖုန်လေးတစ်မှုန်မကျန်အောင် မြတ်နိုးရပါတယ်။

ငါးနာရီကြာပြီးသည့်နောက်မှာတော့ ကိုရီးယားကိုပြန်လည်ရောက်ရှိခဲ့သည်။နေ့တစ်ဝက်ခန့်ရုံးတက်ရမှာဖြစ်ပေမဲ့ အကိုကနားခိုင်းသဖြင့် အိမ်သို့သာပြန်လာခဲ့သည်။

လမ်းထိပ်ရောက်တော့ ဟင် အကို...ခုနကမှ ပြန်သွားတာ ဒီကိုဘယ်လိုရောက်နေတာလဲ၊တီရှပ်အဖြူလက်ရှည်လေးနဲ့ဂျင်းဖျော့ရောင် ဘောင်းဘီလေးက အေးချမ်းမှုကိုဆောင်သလို။အကို့ကို သဘောကျတာ ဒါတွေကြောင့်ပေါ့၊သူ့လိုပဲ အေးအေးချမ်းချမ်းလေး။

Tae-အကို ဒီကိုဘယ်လိုရောက်နေတာလဲ။

"ဟို ဟိုလေ ဟို..."

Truth?(Completed)Where stories live. Discover now