Part-23🦋

1.5K 134 6
                                    

Unicode Ver:

ယူရီနာလည်း သူဌေးမှာထားတဲ့အတိုင်း ထယ်ယောင်းနောက်သို့ မသိမသာ လိုက်လာခဲ့သည်။ထယ်ယောင်းကတော့ အေးအေးလူလူ ပျော်ရွှင်စွာ လမ်းလျှောက်လျက်။

Ik-ဟိတ်!

Tae-အကို Partner နဲ့ dinner ရှိတယ်ဆို၊ငယ်လေး ကျွေးတာတောင် မစားဘဲနဲ့။

Ik-ဟမ် အင်း ဖျက်လိုက်တာ။

ငယ်လေး ငယ်လေး ဟုတ်လား၊
ထယ်ယောင်း။မင်းကိုယ်မင်း ငယ်လေးလို့ သုံးလိုက်တာလား။တကယ်ပဲမင်းနဲ့ကိုကြီးက ဘာတွေလဲ။ငါ့သည်းခံနိုင်စွမ်းကိုစမ်းနေတာဆိုရင်တော့ အမှားကြီးမှားသွားပြီ။ငါမင်းကိုအခုပဲ အပိုင်ရအောင် လုပ်တော့မှာမို့။

Tae-အကို မေးနေတယ်လေ၊ဘာလို့ဖျက်တာလဲလို့။

Ik-ငယ်လေးက ပိုအရေးကြီးလို့လေ၊ကိုယ်ဆိုင်ကောင်း"တွေ့ထားတယ်။သွားမလား။

Tae-သွားမယ်လေ၊ငယ်လေး ကျွေးမှာနော်။ကားပါတယ်မလား။

Ik-အင်းပါတယ်။

ထယ်ယောင်းအားကားပေါ်သို့တင်ကာ မောင်းထွက်သွားတာကို ယူရီနာက မြင်တော့ ချက်ချင်းဖုန်းဆက်ကာ...

"ဟလို သူဌေး"

Jk-ဘာလဲ ငါဒီမှာ အ‌ရေးကြီးတာလုပ်နေတယ်ဟ။

"ထယ်ယောင်းကိုသူဌေးညီကားနဲ့ခေါ်သွားတယ်၊ညမနောက်ကလိုက်နေပေမဲ့ သူသွားနေတာ မြို့ပြင်ကတိတ်ဆိတ်တဲ့နေရာကိုရောက်တော့မှာမို့။"

Jk-ဘာ Location ပို့လိုက်၊ငါအခုလာပြီ။ထယ်ယောင်းအတွက် ငှားပေးထားတဲ့ bodyguard တွေကိုလည်း လိုက်လာခိုင်းလိုက်။

Jungkookလည်းဖုန်းချပြီးတာနဲ့ အရေးကြီးကိစ္စဟုဆိုကာ အလုပ်ကိစ္စကိုဖျက်ပစ်လိုက်သည်။အခုချိန်မှာ ထယ်ယောင်းသာ အရေးကြီးဆုံး။

မပူနဲ့ ငယ်လေး၊အကိုလာပြီ။Jeon Inkook မင်းကိုငါ တစ်သက်လုံး အလျှော့ပေးခဲ့တယ်။ငါ့အသက်ပေးဆိုရင်တောင်ပေးမိမှာ။ဒါပေမဲ့ ထယ်ယောင်းတော့မရဘူး။
ထယ်ယောင်းလို အေးချမ်းမှုလေးကိုတော့ မင်းလက်ထဲမှာ မပူလောင်စေချင်ဘူး။

ကားပေါ်က ထယ်ယောင်းမှာလည်း...

Tae-အကို ဒီကဆက်သွားရင် ဘာမှ မရှိတော့ဘူး။

Truth?(Completed)Tempat cerita menjadi hidup. Temukan sekarang